သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု သုံးဦး သေ


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့ွက ဖမ်းဆီးနေစဉ်။ (ဇန်နဝါရီ ၂၊ ၂၀၁၄)
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့ွက ဖမ်းဆီးနေစဉ်။ (ဇန်နဝါရီ ၂၊ ၂၀၁၄)
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အထည်ချုပ် အလုပ်သမားတွေကို ရဲတပ်ဖွဲ့ွက ပစ်ခတ်ရာမှာ လူ ၃ ဦး ထက်မနည်း သေဆုံးသွားပါတယ်။ ဆန္ဒပြသူတွေက လမ်းကို ပိတ်ဆို့ထားပြီး ရဲတွေကို ခဲတွေနဲ့ပစ်ပေါက်ရာက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ကြတာပါ။

ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့ကတော့ ပစ်ခတ်မှုကြောင့် ၄ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာဆိုရင် လုံခြုံရေး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား ဆက်တိုက် ဆိုသလို ဖြစ်ပွားနေ တဲ့ ပဋိပက္ခတွေ ထဲက နောက်ဆုံး အဖြစ်အပျက်ပါ။ အထည်ချုပ် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ရှင်းလင်းဖို့ စစ်တပ်က အထူးတပ် တစ်တပ်ကို ခေါ်ယူခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ကြာသပတေးနေ့က ပဋိပက္ခ အတွင်းမှာတော့ သံဃာတော် ၁၅ ပါး အပါအဝင် နောက်ထပ် လူပေါင်း ၂၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဖနွမ်းပင်မြို့ပြင်မှာရှိတဲ့ Yak Jin အထည်စက်ရုံမှာ မနေ့တုန်းက ဆန္ဒပြခဲ့သူတွေထဲက အနည်းဆုံး ၁၀ ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြသလို၊ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ စစ်တပ်က အထူးတပ်တစ်တပ်ကို အစိုးရက ခေါ်ယူခဲ့တဲ့ အစီအစဉ်ကိုလည်း ပြစ်တင် ရှုတ်ချခဲ့ကြတာပါ။ ကမ္ဘောဒီးယား နိုင်ငံက အထည်ချုပ်အလုပ်သမား အများစုကတော့ လုပ်ခလစာ ပိုမိုရရှိရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG