သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်းလက်က ကယ်နိုင်တဲ့ ထိုင်း ၁၀၀ ကျော် ကမ္ဘောဒီးယားပြန်ပို့

ကမ္ဘောဒီးယား ငွေလိမ်ဂိုဏ်းလက်က ကယ်တင်ခဲ့တဲ့ ထိုင်းနိုင်ငံသားများ (Thai Police/ Handout via REUTERS)
ကမ္ဘောဒီးယား ငွေလိမ်ဂိုဏ်းလက်က ကယ်တင်ခဲ့တဲ့ ထိုင်းနိုင်ငံသားများ (Thai Police/ Handout via REUTERS)

ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းနေရာမှာ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား ၁၁၉ ယောက်ကို ထိုင်းနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာပြောဆိုပါတယ်။

ကမ္ဘောဒီးယား-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ Poipet ပွိုင်ပက်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့နေရာတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နိုင်ငံခြားသားစုစုပေါင်း ၂၃၀ ကို ဖမ်းမိခဲ့ပြီး၊ အဲဒီအထဲမှာ ထိုင်းနိုင်ငံသား ၁၁၉ ဦး ပါဝင်တာ ဖြစ်ပါတယ်။

တရားမဝင် နေထိုင်နေတဲ့ ထိုင်းအမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၅၈ ဦးကို စုစုပေါင်း ၁၁၉ ဦးကို ဒီကနေ့ စနေနေ့မှာဘဲ ထိုင်းဘက်ကို ပြန်ပို့ပေးခဲ့တာလို့ ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘောဒီးယားမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ၂၀၂၂ ခုနှစ်တုန်းက အကြီးအကျယ်နှိမ်နင်းခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကတော့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ဟာ ပွိုင်ပက်မြို့နဲ့ ကပ်လျက်ရှိတဲ့ ထိုင်းဘက်ခြမ်းက Sa Kaeo မြို့ကို လာရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ထိုင်းနဲ့ ကပ်လျက်ရှိတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက မြဝတီ-ရွှေကုက္ကိုလ်ဒေသက ကျားဖျန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုလည်း မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံ ပူးပေါင်းနှိမ်နင်းနေပါတယ်။ လက်ရှိ မြဝတီမြို့နယ်ထဲမှာ သောင်တင်နေကြတဲ့ အွန်လိုင်းလုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံရသူလို့ ယူဆရတဲ့လူ ၇၀၀၀ ထောင်ကျော်ကို နေရပ်ပြန်ပို့ဖို့ မြန်မာ၊ တရုတ်နိုင်ငံတို့နဲ့ သဘောတူခဲ့တယ်လို့ ထိုင်းအစိုးရက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသား ၅ ထောင်ကျော်ကို တပတ်ကို ၁၀၀၀ နှုန်းနဲ့ ပြန်ပို့ဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ၊ မြန်မာပြည်ထဲရေး ဒုဝန်ကြီး ဦးအောင်ကျော်ကျော်တို့နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ သောကြာနေ့က တွေ့ဆုံဆွေးနွေးအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG