သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံကိုယ်စားလှယ်သစ် ကမ္ဘောဒီးယားခန့်အပ်မည်


ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen

[[Zawgyi/Unicode]]

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်သစ်ကို ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ကခန့်အပ်ဖို့ရှိပါတယ်။

မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Park Sokhonn ကို ခန့်အပ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen ကဒီဇင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့တာပါ။ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Mr Park Sokhonn ကို အာဆီယံဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ်မယ့်အကြောင်း ဖနွမ်ပင်မြို့ဟိုတယ်တခုမှာကျင်းပတဲ့အာဆီယံဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဝန်ကြီးချုပ် Hun Sen ကပြောဆိုသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အကြပ်အတည်းတွေကို ဝိုင်းဝန်းအဖြေရှာနိုင်ရေး အာဆီယံကဧပြီလမှာချမှတ်ခဲ့တဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို အထူးကိုယ်စားလှယ်က အကောင်အထည်ဖော်နေတာပါ။ ဒါပေမယ့်လည်း မြန်မာကိုယ်စားလှယ်အဖြစ် လက်ရှိတာဝန်ယူထားတဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof အနေနဲ့ မြန်မာနိုင်ငံထဲ သွားရောက်ခွင့်ပြုဖို့တောင်းဆိုထားပေမယ့် ခုချိန်ထိ ဝင်ခွင့်မရသေးပါဘူး။ အာဆီယံဥက္ကဋ္ဌတာဝန်ယူလိုက်တဲ့ မစ္စတာ Hun Sen မြန်မာနိုင်ငံကို ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့မှာ သွားရောက်မယ်လို့လည်း ပြောပါတယ်။ ဥက္ကဋ္ဌတဦးအနေနဲ့ အာဆီယံအသင်းကြီးကို စည်းလုံးညီညွှတ်တဲ့မိသားစုတခုလို ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ် Hun Sen ကပြောပါတယ်။

===========

[[Unicode]]





#MyanmarASEAN #CambodiaASEAN #VOABurmese

#HunSenPark Sokhonn #အာဆီယံကိုယျစားလှယျ #ကမ်ဘောဒီးယား #မွနျမာကိုယျစားလှယျ #ဗှီအိုအေ

===========

XS
SM
MD
LG