သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားမှာ ခမာနီနိဂုံး အထိမ်းအမှတ် ဖွင့်လှစ်


ခမာနီအုပ်ချုပ်ရေးအဆုံးသတ်အထိမ်းအမှတ်အဆောက်အအုံဖွင့်ပွဲကို စစ်ဝတ်စုံဖြင့် တက်ရောက်လာသော ဝန်ကြီးချုပ် ဟွန်ဆန် (ဒီဇင်ဘာ ၂၉၊ ၂၀၁၈)
ခမာနီအုပ်ချုပ်ရေးအဆုံးသတ်အထိမ်းအမှတ်အဆောက်အအုံဖွင့်ပွဲကို စစ်ဝတ်စုံဖြင့် တက်ရောက်လာသော ဝန်ကြီးချုပ် ဟွန်ဆန် (ဒီဇင်ဘာ ၂၉၊ ၂၀၁၈)

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ခမာနီအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့တဲ့ အထိမ်းအမှတ်အဆောက်အအုံကို ဝန်ကြီးချုပ်ဟွန်ဆန်က စနေနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒီအထိမ်းအမှတ်အဆောက်အအုံဟာ ဖနွမ်းပင်မြို့ မြောက်ဘက်မှာ တည်ရှိတာဖြစ်ပြီး ခမာနီအစိုးရပြုတ်ကျခဲ့တဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ခမာနီတွေဟာ ကမ္ဘောဒီးယားနိုင်ငံကို ၁၉၇၀ ပြည့်လွန်နှစ်တွေကနေစပြီး ၁၉၉၈ ခုနှစ်အထိ အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဒီအခမ်းအနားကို ကြယ်ငါးပွင့် စစ်ဝတ်စုံဝတ်ဆင်ပြီး တက်ရောက်ခဲ့ပြီး တော့ ၂ နာရီကြာ မိန့်ခွန့်ပြောကြားသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့အနေနဲ့ တခြားခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့ အတူပေါင်းပြီးတော့ တချိန်က လူသတ်ကွင်းဖြစ်ခဲ့တဲ့နေရာကို ဘေးကင်းလုံခြုံစိတ်ချရတဲ့မြေ အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငြိမ်းချမ်းရေး ရအောင် လုပ်ပေးနိုင်ခဲ့သလို တနိုင်ငံလုံးကိုလည်း သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပေါင်းစည်းနိုင်အောင် လုပ်နိုင်ခဲ့ကြောင်း၊ ဒါ့အပြင် စီးပွားရေးအရလည်း သာယာဝပြောအောင်လုပ်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီအခမ်းအနားကို လူပေါင်း ၄ သောင်းလောက်တက်ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရဘက်က ပြောကြား လိုက်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မိန့်ခွန်းကိုလည်း တနိုင်ငံလုံးကို ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG