ကမ္ဘောဒီယားအစိုးရအနေနဲ့ နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခကို အဖြေရှာဖို့ ဖိအားပေးတဲ့အနေနဲ့ ဘုရင် နိုရိုဒုံ သီဟာမုနိရဲ့ ဝမ်းကွဲညီအကိုတော်စပ်သူဟာ အစာငတ်ခံ ဆန္ဒပြနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန် အာဏာဆက်ပြီး ရရှိနိုင်အောင် နိုင်ငံကို ကာလရှည်ကြာ အုပ်ချုပ်လာခဲ့တဲ့ ပါတီက မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံပါတီအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ မင်းသား စီစဝပ် သိုမီကို (Prince Sisowath Thomico) က စွတ်စွဲပြောဆိုပါတယ်။
ဇူလိုင်လအတွင်းမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် ကမ္ဘောဒီယား မဲဆန္ဒရှင် ပြည်သူတွေအတွက် အစိုးရအနေနဲ့ တရားမျှတတဲ့ အဖြေရှာပေးဖို့ ဖိအားပေးတဲ့အနေနဲ့ ဒီကနေ့ အခုလို အစာငတ်ခံ ဆန္ဒပြရတာဖြစ်တယ်လို့ မင်းသား Sisowath က ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့ အစိုးရအနေနဲ့ သဘောတူညီမှု မပြုလုပ်သေး၍ တနင်္လာနေ့မှာ စတင်ဖွင့်လှစ်မယ့် လွှတ်တော်ကို သပိတ်မှောက်မယ်လို့ အတိုက်အခံတွေကပြောပါတယ်။
နောက်ဆုံးအချိန်အထိ သဘောတူညီမှုမရခဲ့ရင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP အနေနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်ကို သပိတ်မှောက်ရေး ကိစ္စအပေါ် ရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင် Sam Rainsy က ပြောပါတယ်။
မကြာခင်ရက်ပိုင်းတွေအတွင်း ဆမ်ရိန်ဆီ နဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့ရဲ့ တွေ့ဆုံမှုတွေက ၂ ဘက်အကြား ပိုမိုနီးစပ်မှုတွေ ရခဲ့တယ်ဆိုပေမယ့် ပြဿနာကို ဖြေရှင်းနိုင်တဲ့အဆင့်အထိတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။