သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင် ကြားနေ အဖွဲ့ဝင် ညှိနှိုင်းရွေးချယ်


ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် Sam Rainsy ။
ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် Sam Rainsy ။

ကမ္ဘောဒီးယား အမျိုးသားရွေးကောက်ပွဲကော်မတီ NEC အတွက် ဝန်ကြီးချုပ် ဟွန်ဆန်ထည့်ချင်တဲ့ ဘက်မလိုက်တဲ့ အဖွဲ့ဝင် တဦးကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကမ္ဘောဒီးယားအတိုက်အခံပါတီကပြောပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တခုကို တည်ထောင်လုပ်ကိုင်နေသူ Hang Puthea ကိုထောက်ခံဖို့ သူ့အတွက် မခက်ခဲပါဘူးလို့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် Sam Rainsy က ကြာသပတေးနေ့မှာ ပြောပါတယ်။

အဲဒီနေရာအတွက် ပထမရွေးထားတဲ့ Pung Chhiv Kek က သူမလုပ်တော့ဘူးလို့ ဒီသီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။ NEC ရဲ့ နိုင်ငံရေးအရ လွတ်လပ်မှုကို ထိန်းသိမ်းဖို့ ဖြစ်နိုင်ခြေမရှိတာကြောင့်လို့ ဆိုပါတယ်။

တခြားလူသုံးယောက်ကိုလည်း စဉ်းစားချင်တယ်လို့ အတိုက်အခံတွေက ပြောခဲ့ပေမဲ့ ဟွန်ဆန်က Heng Puthea ကိုခန့်ဖို့ပဲ သဘောတူမယ်လို့ ပြောထားတာပါ။ NEC ကို အဖွဲ့ဝင်ကိုးဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ၈ ဦးကို အဓိကနိုင်ငံရေးပါတီကြီးရှစ်ခုက တဦးစီး ရွေးချယ်ပြီး ကိုးယောက်မြောက်ကိုတော့ အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်စလုံးက သဘောတူတဲ့ တယောက်ယောက်ကို ရွေးချယ်ရ မယ်လို့ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဥပဒေသစ်မှာ ပြဌာန်းထားပါတယ်။

ဒီလိုရွေးချယ်လိုက်တဲ့အပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အခုချိန်ထိတော့ အပြုသဘောဆောင် တုန့်ပြန်ထားကြပါတယ်။ NEC အဖွဲ့ဝင်တွေကို ဒီလနှောင်းပိုင်းမှာ လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပါတယ်။

XS
SM
MD
LG