သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘောဒီးယား ၀န်ကြီးချုပ်ကို အတိုက်အခံခေါင်းဆောင် တရားစွဲ


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy က ၀န်ကြီးချုပ် Hun Sen ကို မနေ့က သောကြာနေ့မှာ ရာဇ၀တ်မှုကျူးလွန်သူ အဖြစ် တရားစွဲဆိုလိုက်ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက ဖနွမ်းပင်မြို့တော်မှာ ပြုလုပ်တဲ့ နိုင်ငံရေးစုဝေးပွဲ တခုကို သေစေလောက်တဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ၀န်ကြီးချုပ် Hun Sen ပါဝင်ပတ်သက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခဲ့တာပါ။

Mr. Sam Rainsy က VOA ကို e-mail ပို့ပြီး ပြောရာမှာ သူ့ပါတီနဲ့ သီးခြား ပုဂ္ဂိုလ် ၅ဦးတို့ရဲ့ ကိုယ်စား သူ့ရဲ့ ရှေ့နေက နယူးယောက် တရားရုံးမှာ စွဲဆိုပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြုလုပ်ပြီးတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာမျိုး သံသရာလည်နေတာကို အဆုံးသတ် သွားအောင် ခုလို တရားစွဲဆိုရတာ ဖြစ်တယ်လို့လည်း Mr. Sam Rainsy က ပြောပါတယ်။

Mr. Sam Rainsy ဟာ မှားယွင်းတဲ့ အချက်အလက် စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှုနဲ့ ကမ္ဘောဒီးယားတရားရုံးက မျက်ကွယ်မှာ ထောင်ဒဏ် ၁၀ နှစ် စီရင်ခံခဲ့ရပြီးနောက်မှာ ခုလို တန်ပြန် တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုဟာ အာဆီယံအဖွဲ့ရဲ့ အစည်းဝေးအတွက် နယူးယောက်မှာ ရောက်နေတုန်း အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

XS
SM
MD
LG