သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cambodia အတိုက်အခံခေါင်းဆောင် နိုင်ငံပြန်


ပြည်ပမှာတိမ်းရှောင်နေတဲ့ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် Sam Rainsy ပြည်တော်ပြန်ခရီး
ပြည်ပမှာတိမ်းရှောင်နေတဲ့ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် Sam Rainsy ပြည်တော်ပြန်ခရီး
ပြည်ပမှာတိမ်းရှောင်နေပြီး မကြာခင်ကပဲ ဘုရင့်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ ကမ္ဘောဒီးယား အတိုက်ခံခေါင်းဆောင် Sam Rainsy ဟာ မကြာခင် ကျင်းပမယ့်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ယှဉ်ပြိုင်နိုင်ရေး သူ့ရဲ့အတိုက်ခံပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို ဦးဆောင်မှုပေးဖို့ ကမ္ဘောဒီးယားနိုင်ငံကို သောကြာနေ့မှာ ပြန်လည်ရောက်ရှိသွားပါပြီ။

ဖနွမ်ပင်မြို့လေဆိပ်ရဲ့ အပြင်ဖက်မှာ ထောင်နဲ့ချီတဲ့ သူ့ကိုထောက်ခံသူတွေက စုဝေးပြီးတော့ အော်ဟစ်ကြိုဆိုခဲ့ကြချိန်မှာ မစ္စတာ ဆမ်မ်ရိန်စီက အောင်မြင်တက်ကြွမှုအပြည့်နဲ့ မတ်တပ်ရပ်ကာ လက်သီးဆုပ်မြှောက်ပြပြီး ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။

သူ့ကိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘုရင် နိုရိုဒွန် ဆီဟာမုနိက လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်ဆိုပေမယ့် မစ္စတာ ဆမ်မ်ရိန်စီအနေနဲ့ လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ ကမ္ဘောဒီယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ဖို့ကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဆမ်မ်ရိန်စီဟာ နယ်စပ်ဒေသ သတ်မှတ်ရေးကိစ္စနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက် စာရွက်စာတမ်းတွေ လက်ဝယ် ထားရှိမှုနဲ့ ကမ္ဘောဒီးယားတရားရုံးက ထောင်ဒဏ် ၁၁ နှစ် စီရင်ချက် မချခင် ၂၀၀၉ က ပြင်သစ်နိုင်ငံမှာ သွားရောက် တိမ်းရှောင်နေခဲ့တာပါ။
သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ နိုင်ငံရေး ပယောဂပါတယ်လို့ လူတော်တော်များများက မြင်ကြပါတယ်။
XS
SM
MD
LG