Cambodia နိင်ငံမှာ အကြီးအကျယ် အငြင်းပွားစရာဖြစ်ခဲ့တဲ့ July လ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Hun Sen ရဲ့ လက်ရှိ အာဏာရ ပါတီက အနိုင်ရတယ် လု့ိ နိုင်ငံရဲ့ ရွေးကောက်ပွဲကော်မတီကနေ ကြေညာခဲ့ပြီးနောက်မှာ လွှတ်တော်အဖွင့် အစည်းအဝေးပွဲကို သပိတ်မှောက်မယ်လို့ အတိုက်အခံတွေဖက်က ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် Hun Sen အနိုင်ရတယ်လို့ အမျိုးသား ရွေးကောက်ပွဲဆိုင်ရာ ကော်မတီက တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပေမဲ့ ဒီရလာဒ်ကို ဆက်ပြီး ကန့်ကွက်သွားမယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမလုပ်သရွေ့ အတိုက်အခံ Cambodia National Rescue Party – CNRP အနေနဲ့ ဝန်ကြီးချုပ် Hun Sen ရဲ့ Cambodian People's Party နဲ့ ဆွေးနွေးဖို့ စိတ်မ ဝင်စားဘူးလို့ အတိုက်အခံခေါင်းဆောင် Sam Rainsy က ဒီကနေ့ ပြောလိုက်ပါတယ်။ လာမဲ့ တနင်္ဂနွေနေ့က စပြီး ၃ ရက်ကြ ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့လဲ သူက ပြောပါတယ်။
ဂျူလိုင်လ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Hun Sen ရဲ့ ပါတီက ပြန်အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မတီက ပြောပြီး မဲခိုးမှုတွေရှိတယ် ဆိုတဲ့ အတိုက်အခံတွေရဲ့ စွပ်စွဲမှုတွေကို ပယ်ချလိုက်ပါတယ်။ အတည်ပြုလိုက်တဲ့ ရလဒ်တွေအရ ဝန်ကြီးချုပ် Hun Sen ရဲ့ CPP ပါတီ က အမတ်နေရာ ၆၈ နေရာအနိုင်ရရှိပြီး အတိုက်အခံ Cambodia National CNRP ကတော့ အမတ်နေရာ ၅၅ နေရာ ရရှိပါတယ်၊ တကယ်လို့သာ ရွေးကောက်ပွဲဟာ
မျှတတယ်ဆိုရင် အမတ်နေရာ ဒီထက်ပိုများများ အနိုင်ရတယ်လို့ အတိုက်အခံဘက်က ပြောပါတယ်ရှင်။