သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ မဝင်ရ


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy
ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ်မ် ရိန်ဆီ (Sam Rainsy) ဟာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်လည်းမရှိ ဒါမှမဟုတ် မဲပေးခွင့်လည်းမရှိဘူးဆိုတာကို ကမ္ဘောဒီးယား အမျိုးသားရွေးကောက်ပွဲကော်မတီ (NEC) က တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
အတိုက်အခံပါတီသစ်ဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကို လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမယ်လို့ NEC အတွင်းရေးမှူးချုပ် တက်ပ် နီတား (Tep Nitha) က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

ဒါပေမဲ့လည်း ရိန်ဆီရဲ့နာမည်ကို အမျိုးသား မဲဆန္ဒရှင်မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ထားပြီးဖြစ်တာကြောင့် သူဟာ အကျူံးမဝင်တော့ဘူးလို့ NEC အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ရိန်ဆီဟာ ကမ္ဘောဒီးယားနိုင်ငံဆီသာ ပြန်သွားမယ် ဆိုရင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရမယ့်အရေးရှိပါတယ်။ ဥပဒေအရဆိုရင် ပြစ်မှုတခုခု ကျူးလွန်ထားတဲ့သူဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရပါဘူး။ သူ့အပေါ် စွဲတင်ထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေး ပယောဂပါတယ်လို့ ရိန်ဆီနဲ့ သူ့ကို ထောက်ခံသူတွေက ပြောကြပါတယ်။

သောကြာနေ့က အဲဒီကြေညာချက်ဟာ အတိုက်အခံတွေအတွက်တော့ အခက်အခဲတခုပါပဲ။ ဆမ်မ် ရိန်ဆီ တိုင်းပြည်ဆီ ပြန်လာ ပြီး အာဏာရပါတီကို ယှဉ်ပြိုင်ဖို့အတွက် အတိုက်အခံညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ဖို့ နိုင်ငံရေးလှုပ်ရှားသူတွေက မျှော်လင့်ထား ကြတာပါ။
XS
SM
MD
LG