သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဆန္ဒပြစခန်း ရဲဝင်စီး၊ ဆန္ဒပြပွဲတွေ ပိတ်ပင်


ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေက ဖျက်ချနေကြစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၁၄)
ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေက ဖျက်ချနေကြစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၁၄)
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်အနီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေ အခြေစိုက်ထားတဲ့ စခန်းကို အာဏာပိုင် တွေက အတင်းဝင်ရောက်ဖြိုခွင်း လိုက်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ မလုပ်ကြဖို့ ပိတ်ပင်လိုက်ပါတယ်။

တုတ်တွေ၊ ဒိုင်းတွေ၊ အကာရံတွေ ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ ဝင်တွေဟာ ဖနွမ်းပင်မြို့တော်အနီး Freedom Park မှာ အခြေစိုက်ထားတဲ့ ဆန္ဒပြနေသူတွေရဲ့စခန်းကို ဝင်ရောက်လာရာမှာ ဆန္ဒပြသူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

ဖနွမ်ပင်မြို့တော် အုပ်ချုပ်ရေးမှူးက မြို့တော်ရဲ့လမ်းမတွေပေါ်တက်ပြီး ဆန္ဒပြတာ၊ ပန်းခြံကို ဆန္ဒပြစခန်းအဖြစ် အသုံး ချတာတွေကို လုံခြုံရေးအရ ခွင့်မပြုနိုင်ဘူးလို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုအမိန့်ထုတ်ပြန် ကြေညာလိုက်မှုက တနင်္ဂနွေနေ့ကစပြီး သုံးရက် ဆက်တိုက် ဆန္ဒပြပွဲ ပြုလုပ်မယ်ဆိုပြီးတော့ ပြောဆိုထားသူတွေကို ဟန့်တားနိုင်ပါမလားဆိုတာကိုတော့ သံသယရှိနေကြပါတယ်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့က သပိတ်မှောက်ပွဲပြုလုပ်နေတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ပစ်ခတ်နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရတာပါ။ အဲဒီလို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် သပိတ်မှောက်ဆန္ဒပြနေသူ လေးဦး သေဆုံး သွားခဲ့ပါတယ်။
XS
SM
MD
LG