သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အတိုက်အခံနဲ့ ရဲကြား ထိပ်တိုက်ရင်ဆိုင်မှုကြောင့်လူ ၆၀ နီးပါးဒဏ်ရာရ


ကမ္ဘောဒီးယားနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးပါတီကို ထောက်ခံတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားရာမှာ လူပေါင်း ၆၀ နီးပါး ဒဏ်ရာရရှိသွားပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီရဲ့ ရွေးကောက်ခံအမတ် Mu Sochua ခေါင်းဆောင်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူလူအုပ်ကြီးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ပိတ်ထားတဲ့ လွတ်လပ်ရေး ဥယျာဉ်ကို ချီတက်ကြစဉ် အင်္ဂါနေ့ မနက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဆန္ဒပြသူတွေက ဥယျာဉ်ကို မဝင်ရောက်နိုင်အောင် ကာရံထားတဲ့ သံကြိုးတွေပေါ်မှာ စာတမ်းတခု ချိတ်ဆွဲဖို့ ကြိုးစားစဉ်မှာ လုံခြုံရေးတပ်ဖွဲ့တဖွဲ့က ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း ပြန်လည် တိုက်ခိုက်ခဲ့ကြတဲ့အတွက် လုံခြုံရေး ၄၀ လောက် ဒဏ်ရာရရှိသွားပါတယ်။ အလံထောင်ထားတဲ့တိုင်တွေနဲ့ ရိုက်နှက်ကြစဉ်မှာ တချို့က သူတို့ကိုယ်ပေါ်က ယူနီဖောင်းတွေကို ဆွဲချွတ်ခဲ့ကြတာကို တွေ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

Ms. Mu Sochua နဲ့အတူ အတိုက်ခံပါတီက အရာရှိတွေကို ဖမ်းဆီးလိုက်ပါတယ်။ သူမက ဒီဥယျာဉ်ကို ဆန္ဒပြလိုသူတွေအတွက် ပြန်ဖွင့်ပေးဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ VOA ခမာဌာနကို ပြောဆိုပါတယ်။

XS
SM
MD
LG