သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်မှောင်ခိုကူးမှုကြောင့် ကမ္ဘောဒီးယား ဆန်ဈေးကွက်ကိုထိခိုက်နိုင်


ကမ္ဘောဒီးယား နိုင်ငံမှာ ဆန်မှောင်ခို ကုန်ကူးမှုတွေရဲ့ အန္တရာယ်ကြောင့် နိုင်ငံရဲ့ ဆန်တင်ပို့မှု ဈေးကွက်ကြီး တခုလုံး ပျက်စီးသွားနိုင်တယ်လို့ ကမ္ဘောဒီးယား ဆန်စပါး လုပ်ငန်း အသင်း က သတိပေးလိုက်ပါတယ်။

ဆန်စပါး ထုတ်လုပ် ရောင်းဝယ်မှု အလွှာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘောဒီးယား ဆန်စပါးအသင်းက ပြီးခဲ့တဲ့လက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ပွင့်လင်း လွတ်လပ်တဲ့ အစီရင်ခံစာ တစောင် ထုတ်ခဲ့တာ ဖြစ်ပြီး အခုလို ထောက်ပြထားတာပါ။

ကမ္ဘောဒီးယား လူမှု အသိုင်းအဝိုင်းနဲ့ စီးပွားရေးရဲ့ အချက်အချာ ဆန်စပါး လုပ်ငန်းကြီးထဲမှာ အလုပ်မဖြစ်တဲ့ အကြောင်းအရာတွေ၊ လိုအပ်ချက်တွေကို ထဲထဲဝင်ဝင် ဖော်ပြထားတဲ့ ဒီအစီရင်ခံစာမှာတော့ ပြသနာတွေကို အသေးစိတ် ပြုစုထားတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားရဲ့ ဆန်တင်ပို့မှုက ၂၀၁၇ ခုနှစ်မှာ တန်ချိန် ၇ သိန်းလောက် ရှိခဲ့ပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် တိုးလာတာပါ။

ဒါပေမယ့် ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၆ သန်း၊ ထိုင်းရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၁၁ သန်းထိ ရှိနေတာပါ။ ဒီလို ကွာခြားနေရတဲ့ အကြောင်းရင်းတွေကတော့ ရှုပ်ထွေးလှတယ်လို့ ကမ္ဘောဒီးယား ဆန်စပါး အသင်းရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။ တံဆိပ် အတုကပ်တာ၊ ဈေးကစားတာ၊ ဆန်စပါး အသင်း ဘုတ်အဖွဲ့ထဲမှာ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေနဲ့ စည်းကမ်းဖောက်တာတွေ၊ တိကျတဲ့ အချက်အလက်တွေ မရှိတာ၊ မျက်နှာသာပေး ဘက်လိုက်တာတွေ၊ အယုံအကြည် ကင်းမဲ့မှု၊ လယ်သမားတွေ အပေါ် မြေသိမ်းယာသိမ်းမှုတွေရဲ့ ရိုက်ခတ်မှုတွေကို စိုးရိမ်ဖွယ် ကိစ္စတွေ အဖြစ် ထောက်ပြထားပါတယ်။

XS
SM
MD
LG