သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးတင်းမာချိန် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ပြန်ရောက်


ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy နဲ့ သူ့ကို ထောက်ခံသူများ။
ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy နဲ့ သူ့ကို ထောက်ခံသူများ။

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ မြင့်မားနေချိန်မှာပဲ အတိုက်အခံ နိုင်ငံရေးဆောင်ဆောင် ဆမ်ရိန်စီ (Sam Rainsy) ပြန်လာတာကို သူ့ကိုထောက်ခံသူ ထောင်ပေါင်းများစွာက ဆီးကြိုခဲ့ကြပါတယ်။

မနှစ်က ဇူလိုင်လ ၂၈၊ ရွေးကောက်ပွဲနှစ်ပတ်လည် မရောက်ခင် တပတ်တောင်မလိုတော့တဲ့အချိန်မှာ အခုလိုမျိုး သူပြန်လာခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ရွေးကောက်ပွဲက မဲမသမာမှုတွေ ရှိတယ်လို့ သူ့ရဲ့ပါတီက ပြောထားတာပါ။ ပြီးတော့ သူ့ရဲ့ပါတီထဲက အမတ်တွေက လွှတ်တော်ကနေ နုတ်ထွက်ပြီးတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်မှာတော့ မစ္စတာ Sam Rainsy ရဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ အမတ် ၇ ဦးနဲ့ ပါတီအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာ နိုင်ငံရေးတင်းမာမှုတွေက ပိုပြီးတော့ မြင့်မားလာခဲ့တာပါ။ ပါတီအဖွဲ့ဝင်တွေက ဆန္ဒပြပြီးတော့ ဆန္ဒပြတဲ့နေရာက လုံခြုံရေးဝန်ထမ်းတွေကြားမှာ သူတို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ အခုလိုမျိုး ပါတီအဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကိုတော့ ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်နိုင်တဲ့အမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

XS
SM
MD
LG