သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား မြွေမင်္ဂလာဆောင်


စပါးကြီးမြွေနှစ်ကောင်ကို မင်္ဂလာဆောင်ပေးနေစဉ်။ ဇန်နဝါရီ ၃၊ ၂၀၁၁။
စပါးကြီးမြွေနှစ်ကောင်ကို မင်္ဂလာဆောင်ပေးနေစဉ်။ ဇန်နဝါရီ ၃၊ ၂၀၁၁။

ကမ္ဘောဒီးယားနိုင်ငံမှာ ထူးထူးခြားခြား စပါးကြီးမြွေကြီး ၂ ကောင်ရဲ့ ထိမ်းမြားလက်ထပ်ပွဲ အခမ်းအနားကို လူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီမြွေ ၂ ကောင်ဟာ သူတို့ရဲ့ ကျေးရွာတွေကို လာဘ်ကောင်းတွေ ယူလာပေးနိုင်မယ်လို့ ရွာသူရွာသားတွေက ယုံကြည်ကြတာ ဖြစ်ပါတယ်။

မနေ့က ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း ကန်ဒါလ် (Kandal) ပြည်နယ်မှာ Chamrouen အမည်ရှိ စပါးကြီးမြွေမကြီးနဲ့ Kroung Pich အမည်ရှိ စပါးကြီးမြွေထီးတို့ကို ရွာသားတွေက လက်ထပ်ပေးပြီး လှောင်အိမ်တခုထဲမှာ အတူတူ ထည့်လိုက်ကြပါတယ်။ အဲဒီ မြွေစုံတွဲကို ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကလည်း ကောင်းချီးဩဘာကို ပေးခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသား တော်တော်များများဟာ နတ်တွေကို ကိုးကွယ် ယုံကြည်ကြပါတယ်။ နတ်တွေဟာ တိရစ္ဆာန် သတ္တဝါတွေမှာသာမက သက်မဲ့ပစ္စည်းတွေမှာပါ ဝင်စားတတ်တယ်လို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။

အဲဒီမြွေ ၂ ကောင်ဟာ တကောင်နဲ့တကောင် သက်ဆိုင်တာကြောင့် သူတို့ကို ခွဲထားတာဟာ လာဘ်တိတ်တယ်လို့ ဗေဒင်ဆရာက ဟောလို့ အခုလို ထိမ်းမြား လက်ထပ်ပေးရတာလို့ မြွေသတို့သမီးရဲ့ ပိုင်ရှင်ဖြစ်သူ နက်သ် ဗိုင် (Neth Vy) က ပြောပါတယ်။

၁၉၉၄ ခုနှစ်က ငါးမျှားရင်း မြွေမငယ်ငယ်လေးကို တွေ့ကတည်းက အခုချိန်အထိ ကျွေးမွေးပြုစု လာခဲ့တာလို့လည်း သူက ပြောပါတယ်။ မြွေသတို့သားကိုတော့ အိမ်နီးချင်း ရွာတရွာက အရင်လတုန်းကမှ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG