သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားအစိုးရနဲ့ အတိုက်အခံကြား စေ့စပ်ရေး ကုလအထူးသံ စဉ်းစားမည်


ကမ္ဘောဒီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Surya Subedi
ကမ္ဘောဒီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Surya Subedi
ကမ္ဘောဒီးယားနိုင်ငံက လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံပါတီတို့အကြား နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ကြားဝင်စေ့စပ် ဆွေးနွေးပေးလိုတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂက လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

အခုလအတွင်း ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားတွေကို အကြမ်းဖက် နှိပ်ကွပ်ခဲ့တဲ့ကိစ္စအတွက် အချက်အလက်ရှာဖွေဖို့ ဖနွမ်းပင်မြို့ကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Surya Subedi က ပြောပါတယ်။

ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲတွေပြီးကတည်းက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးတင်းမာမှုတွေ ပြေလည်အောင် Subedi အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးစေလိုတဲ့အကြောင်း ဝန်ကြီးချုပ်ဟွန်စန်က သူနဲ့ ဗုဒ္ဓဟူးနေ့ တွေ့တဲ့အချိန် ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကြားဝင် စေ့စပ်ပေးရေးအတွက် Subedi ကို တရားဝင် မေတ္တာရပ်ခံတာမျိုးမရှိပေမယ့် ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံရေးအရ ပြေလည်မှုတွေ ရရှိလာအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးလိုတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တကယ်လို့ သူ့ကို တရားဝင် တောင်းဆိုလာရင်တော့ ကြားဝင် စေ့စပ်ညှိနှိုင်းပေးဖို့ စဉ်းစားမယ်လို့ Subedi က သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။
XS
SM
MD
LG