သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနဲ့ ထိုင်းတပ်တွေ ချက်ချင်းရုပ်သိမ်းပေးဖို့ နိုင်ငံတကာခုံရုံး အမိန့်ထုတ်


ကမ္ဘောဒီးယားနဲ့ ထိုင်းတပ်တွေ ချက်ချင်းရုပ်သိမ်းပေးဖို့ နိုင်ငံတကာခုံရုံး အမိန့်ထုတ်
ကမ္ဘောဒီးယားနဲ့ ထိုင်းတပ်တွေ ချက်ချင်းရုပ်သိမ်းပေးဖို့ နိုင်ငံတကာခုံရုံး အမိန့်ထုတ်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်ရှိ ဖရာ့ ဝိဟာရ (Preah Vihear) ရှေးဟောင်း ဘုရားကျောင်းတဝိုက် နယ်မြေ အငြင်းပွားတဲ့ နေရာမှာ စစ်မဲ့ဇုန်အဖြစ် ကြေညာပြီး တပ်စွဲထားတဲ့ ထိုင်းတပ်ဖွဲ့တွေ ချက်ချင်း ရုပ်သိမ်းပေးရေးအတွက် ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံ နယ်စပ်မှာ အပစ်အခတ် ရပ်စဲရေး လိုက်နာမှု ရှိမရှိ အာဆီယံ အကဲခတ်အဖွဲ့ စောင့်ကြည့်ဖို့အတွက် အဲဒီနေရာမှာ အကဲခတ်ခွင့် ပြုသင့်တယ်လို့လည်း နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

အငြင်းပွားတဲ့ နယ်မြေကနေ နှစ်ဘက်တပ်တွေ ရုပ်သိမ်းရေးအတွက် ကမ္ဘောဒီးယားနိုင်ငံက တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာပါ။ နိုင်ငံတကာ တရားရုံးက တပ်တွေ ဆုတ်ခွာရေးသာမက ယာယီ စစ်မဲ့ဇုန်အဖြစ် ကြေညာဖို့ကိုပါ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သက်တမ်း ၉၀၀ ရှိတဲ့ ဖရာ့ ဝိဟာရ ဟိန္ဒူ ရှေးဟောင်း ဘုရားကျောင်းဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအောက်က ပိုက်နက် ဖြစ်တယ်လို့ နိုင်ငံတကာ တရားရုံးကနေ ၁၉၆၂ ခုနှစ်က ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံဘက်က လက်ခံခဲ့ပြီးသား ဖြစ်ပေမဲ့ ဘုရား ပရိဝုဏ်တဝိုက်က မြေဧရိယာ ၁.၅ စတုရန်းမိုင်ကိုတော့ ထိုင်းပိုင်နက် ဖြစ်တယ်လို့ စွဲကိုင်ထားဆဲ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ The Hague မြို့က တရားသူကြီး ၁၅ ဦး ရုံးထိုင်တဲ့ နိုင်ငံတကာ တရားရုံးမှာ မေလကုန်ပိုင်းတုန်းက နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် အကျိုးဆောင်တွေက လျှောက်လဲခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG