ကုလသမဂ္ဂက နောက်ခံပေးပြီး ဆောင်ရွက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံက ခမာနီခေါင်းဆောင်ဟောင်းတွေကို စစ်ဆေးတဲ့ နိုင်ငံတကာတရားရုံးရဲ့ တရားသူကြီးတစ်ဦးဟာ အစိုးရက သူ့ရဲ့လုပ်ငန်းမှာ ၀င်ရောက် စွက်ဖက်တာကြောင့် ဆိုပြီး ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အခုလက်ရှိ စစ်ဆေးနေတဲ့ အမှုနှစ်မှုကိစ္စကို အစိုးရ တာဝန်ရှိသူတွေဘက်က မေးမြန်းမှုတွေ လုပ်တာကြောင့် နိုင်ငံတကာ တရားသူကြီးဖြစ်တဲ့ Siegfried Blunk quit ဟာ စနေနေ့မှာ ရာထူးက နုတ်ထွက်ခဲ့တယ်လို့ တရားရုံးက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပါတယ်။
တရားသူကြီး Blunk ဟာ ဂျာမန်လူမျိုး ဖြစ်ပါတယ်။ သူနဲ့ အခြား သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တရားသူကြီးနှစ်ဦးဟာ လက်ရှိ စစ်ဆေးနေတဲ့ အမှုနှစ်မှုအပြင် နောက်အမှုတွေကို ဆက်မစုံစမ်းဖို့ ဖိအားပေးမှုတွေ ကြုံခံရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။