သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်း ခမာနီခေါင်းဆောင် စစ်ရာဇဝတ်ခုံရုံး တင်ခံရ


ခမာနီ ခေါင်းဆောင်ဟောင်းများ (ဝဲမှယာ) နုံချေး၊ ခီယူဆန်ဖန်၊ အီယန်ဆရီ၊ အီယန် သီရစ်သ်။
ခမာနီ ခေါင်းဆောင်ဟောင်းများ (ဝဲမှယာ) နုံချေး၊ ခီယူဆန်ဖန်၊ အီယန်ဆရီ၊ အီယန် သီရစ်သ်။

ကမ္ဘောဒီးယားနိုင်ငံမှာ လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ခမာနီ ထိပ်တန်း ခေါင်းဆောင်တွေဟာ တရားရင်ဆိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံ ကုလသမဂ္ဂ ပြစ်မှုဆိုင်ရာ ခုံရုံးမှာ ဒီနေ့ ရုံးထုတ်ပါတယ်။

၁၉၇၀ ပြည့်နှစ်တွေအတွင်း ခမာနီတွေရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကြောင့် နိုင်ငံမှာ သဘောထား ကွဲလွဲမှုတွေ၊ လူထုခံစားခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက် အနာတရတွေကို ကုစားနိုင်ဖို့ တရားမျှတရေး သရုပ်ဖော်တဲ့ အနေနဲ့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးပြီး ပြစ်မှုဆိုင်ရာ ခုံရုံးဖွဲ့ ဒီအမှုကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီနေ့ တရားခွင်မှာ ခမာနီတွေ ရက်စက်မှုကို ခံခဲ့ရသူ ၅၀၀ ခန့်ဟာ တရားရုံးနဲ့အပြည့် တက်ရောက်ခဲ့ကြပါတယ်။

အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်တဲ့ ခမာနီ ခေါင်းဆောင်ဟောင်း ၄ ယောက်ဟာ လက်ထိပ်မပါဘဲ ခန်းစီး နောက်ကွယ်ကနေ နားထောင်နေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဟောင်း အသက် ၇၉ နှစ်အရွယ် ခီယူ ဆန်ဖန် (Khieu Samphan)၊ ခမာနီ အတွေးအခေါ်ပိုင်းဆိုင်ရာ အကြီးအကဲ အသက် ၈၄ နှစ်အရွယ် နုံချေး (Nuon Chea)၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အသက် ၈၅ နှစ်အရွယ် အီယန် ဆရီ (Ieng Sary) နဲ့ ၇၉ နှစ်အရွယ် သူ့ရဲ့ဇနီး လူမှုဝန်ထမ်း ဝန်ကြီးဟောင်း အီယန် သီရစ်သ် (Ieng Thirith) တို့ကို ဒီနေ့ တရားခွင်မှာ ရုံးထုတ်ပြီး စစ်ရာဇဝတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ဘာသာရေး နှိပ်ကွပ်မှု၊ ကိုယ်ထိလက်ရောက် သေတဲ့အထိ နှိပ်စက်မှုတွေနဲ့ တရားစွဲလိုက်ပါတယ်။

ခမာနီခေါင်းဆောင် ပိုပေါ့ (Pol Pot) ကတော့ ၁၉၉၈ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG