သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို ကမ္ဘောဒီးယားခေါင်းဆောင် ဝေဖန်


ရီပတ်ဘလီကန်ပါတီရဲ့ အမေရိကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ထိပ်ကပြေးနေသူ Donald Trump
ရီပတ်ဘလီကန်ပါတီရဲ့ အမေရိကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ထိပ်ကပြေးနေသူ Donald Trump

ရီပတ်ဘလီကန်ပါတီရဲ့ အမေရိကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ထိပ်ကပြေးနေသူနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က တနင်္လာနေ့က ဝေဖန်လိုက်ပါတယ်။

ဖနွမ်းပင်မှာ ကျင်းပတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ညီလာခံမှာ နိုင်ငံရဲ့ သက်တမ်းအကြာရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်သူ Hun Sen က Donald Trump က သူ့ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေအတွင်း နိုင်ငံခြားရေး ပေါ်လစီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ နိုင်ငံတကာမှာ သတင်းကြီးခဲ့တဲ့ အကြောင်းတွေကို ဝေဖန်လိုက်ပါတယ်။အမေရိကန် - မက္ကဆီကိုနယ်စပ်မှာ နံရံကြီး တည်ဆောက်ဖို့၊ အမေရိကန်နိုင်ငံအတွင်းကို မူဆလင်တွေ အားလုံး မဝင်ရောက်နိုင်အောင် ဟန့်တားရေး အစရှိတဲ့ Trump ရဲ့ တိုက်တွန်းချက်တွေကို ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေမှာ အထူးသဖြင့် Trump ရဲ့ လူထုစည်းဝေးပွဲတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကိုလည်း သူက သရော်လိုက်ပါတယ်။

အတိတ်က Hun Sen ဟာ သူ့အစိုးရရဲ့ ဆန္ဒပြမှုတွေကို ပြင်းထန်စွာ နှိပ်ကွပ်မှုတွေ၊ သူ့ပါတီအနိုင်ရရှိအောင် ရွေးကောက်ပွဲ ကျင်းပရာမှာ ခိုင်လုံမှု ရှိမရှိနဲ့ပတ်သက်ပြီးတော့ ပြစ်တင်ဝေဖန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ အစိုးရ အရာရှိတွေကို CPP ကမ္ဘောဒီးယား ပြည်သူ့ပါတီခေါင်းဆောင်က ပြန်လည် ထိုးနှက်တိုက်ခိုက်လေ့ ရှိပါတယ်။

XS
SM
MD
LG