သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ်ခရီးစဉ်မတိုင်ခင် အတိုက်အခံတွေ ထိုင်းမှာဖမ်းဆီးခံရ


Hun Manet, Prime Minister of Cambodia (Facebook/Samdech Thipadei)
Hun Manet, Prime Minister of Cambodia (Facebook/Samdech Thipadei)

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet ထိုင်းနိုင်ငံကို ရောက်မလာခင် ရက်ပိုင်းအလိုမှာဘဲ ထိုင်းမှာရှိနေတဲ့ ကမ္ဘောဒီးယား အတိုက်အခံ ၃ ဦးကို ထိုင်းအာဏာပိုင်က ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဘန်ကောက်က ကဘမ္ဘောဒီးယား ဒုက္ခသည်များကောက်မတီ ဒုဥက္ကဋ္ဌ Lem Sokha၊ ကမ္ဘောဒီယားအတိုက်အခံ Candlelight ပါတီဝင်ဟောင်းနဲ့ ကမ္ဘောဒီးယားလူငယ်ကွန်ရက်အဖွဲ့ဝင် Pha Phaya တို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ Manushya Foundation လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ထိုင်းတာဝန်ရှိသူတွေကတော့ Lem Sokha နဲ့ Kung Raiya တို့ကို ဖမ်းဆီးတယ်ဆိုတာ အတည်မပြုပါဘူး။

ဒါပေမဲ့ သူတို့ ၃ ဦးစလုံးဟာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူတွေဖြစ်ပြီး သူတို့ နေရပ်ကို ပြန်ပို့ခံရရင် ဖမ်းဆီးခံရနိုင်တာကြောင့် ပြန်ပို့မယ့် အလားအလာတော့ မရှိဘူးလို့ ထိုင်းနိုင်ငံ၊ Ban Chang ခရိုင် ရဲမှူးကြီး Arthit Yakaew ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

၃ ဦးလုံးကို ဘန်ကောက်က လူဝင်မှုထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးထားတယ်လို့ ယုံကြည်ရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးကြမယ့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အစိုးရဝန်ကြီးအဖွဲ့ စည်းဝေးပွဲကို တက်ရောက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ရောက်လာတဲ့အခါ သူတို့တွေ ဆန္ဒပြကြဖို့ စီစဉ်ထားကြတာလို့ ဆိုပါတယ်။

XS
SM
MD
LG