သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘေားဒီးယား အတိုက်အခံခေါင်းဆောင်ကို ထောင်ဒဏ် ၂၇ နှစ်ချ


ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ကို ထူထောင်ခဲ့သူ၊ ပါတီခေါင်းဆောင်ဟောင်း Kem Sokha ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တရားရုံးရှေ့ အမှုကြားနာရေးလာရောက်စဉ်တွေ့ရတာဖြစ်ပါတယ်။ (မတ်လ ၃၊ ၂၀၂၃)
ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ကို ထူထောင်ခဲ့သူ၊ ပါတီခေါင်းဆောင်ဟောင်း Kem Sokha ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တရားရုံးရှေ့ အမှုကြားနာရေးလာရောက်စဉ်တွေ့ရတာဖြစ်ပါတယ်။ (မတ်လ ၃၊ ၂၀၂၃)

ကမ္ဘေားဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ အပြစ်ရှိကြောင်း ကမ္ဘောဒီးယား တရားရုံးတခုက ဒီကနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ပါတယ်။ Kem Sokha ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ကို ဖြုတ်ချဖို့ နိုင်ငံခြားအစိုးရတရပ်နဲ့ ပူးပေါင်း ကြံစည်ခဲ့တယ်လို့ ဖနွမ်းပင်တရားရုံးက ပြောဆိုပေမယ့် SoKha ကတော့ ဒီစွပ်စွဲချက် မမှန်ကန်ကြောင်း ထပ်တလဲလဲ ငြင်းဆိုထားတာပါ။ Sokha အနေနဲ့ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ အချိန်တလ ရပါတယ်။
အသက် ၆၉ နှစ်အရွယ် Sokha ဟာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရပြီး မိသားစုဝင်တွေကလွဲလို့ တခြားသူတွေနဲ့ တွေ့ဆုံခွင့်မရပါဘူး။ Sokha ဟာ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ၂ လအကြာမှာ Sokha တည်ထောင်ခဲ့တဲ့ ပါတီကို တရာရုံးချုပ်က ဖျက်သိမ်းခဲ့ပါတယ်။ ကမ္ဘောဒီးယားဆိုင်ရာ အမေရိကန် သံအမတ်ကြီး W. Patrick Murphy ကတော့ Sokha ကို ခုလို ထောင်ဒဏ်ချမှတ်တာဟာ မှားယွင်းတဲ့ တရားစီရင်မှုဖြစ်တယ်လို့ ဝေဖန်ပါတယ်။ အစိုးရ ထိန်းချုပ်တဲ့ တရားစီရင်ရေး စနစ်အောက်က ဆိုးရွားတဲ့အခြေအနေ ဥပမာတခုပါပဲလို့ ကမ္ဘောဒီးယား လူ့အခွင့်အရေးစင်တာရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Chak Sopheap ကလည်း ပြောဆိုပါတယ်။

ကမ္ဘေားဒီးယား အတိုက်အခံခေါင်းဆောင်ကို ထောင်ဒဏ် ၂၇ နှစ်ချ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG