သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အတိုက်အခံပယ်ချ


ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ လက်ရှိ အာဏာရပါတီ အနိုင်ရသွားတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို အတိုက်အခံပါတီက ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တယ်လို့ သူတို့ဘက်က စွဲချက်တင်ထားတဲ့အပေါ် အစိုးရဘက်က ဖြေရှင်းပေးခြင်း မရှိတဲ့အတွက် အခုထွက်လာတဲ့ ပဏာမ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ CNRP က တနင်္လာနေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အမတ်နေရာ အများစုကို အနိုင်ရခဲ့တယ်လို့ ပြောနေတဲ့ CNRP ပါတီက ကုလသမဂ္ဂ ပါဝင်တဲ့ သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အစိုးရဘက်က လက်မခံဘူးဆိုရင် သူတို့ပါတီအနေနဲ့ လူထု ချီတက်ပွဲ ကျင်းပပြီး ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ပြည်နယ်အများစုမှာ ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP က မသိမသာ အသာစီးရပြီး နိုင်သွားတယ်လို့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့မှာ ပြောပါတယ်။

CPP ပါတီက လွှတ်တော်အမတ်နေရာ ၆၈ နေရာနဲ့ CNRP က ၅၅ နေရာ အသီးသီး အနိုင်ရခဲ့တယ်လို့ အစောပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း တထပ်ထဲ ဖြစ်နေတာကြောင့် လက်ရှိ အာဏာရပါတီအနေနဲ့ အရင် ရထားတဲ့ အမတ်နေရာတွေထဲက ၂၂ နေရာ လက်လွတ် ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG