သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Hun Sen ရွေးကောက်ပွဲအတွက် မဲဆွယ်မှုစတင်


Cambodia Politics
Cambodia Politics

ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင်လ ၂၃ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ် Hun Sen ဦးဆောင်ပြီး အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP က ဒီနေ့ စနေနေ့မှာ စတင်မဲဆွယ်နေပါတယ်။

ကိုယ့်အကျိုးကို ရှေ့ရှုပြီး သူတို့ပါတီကို မဲပေးပါလို့ ဝန်ကြီးချုပ်က ပြောကြားစည်းရုံးခဲ့ပါတယ်။ အဓိက အတိုက်အခံတွေအားလုံးကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်ထားတဲ့အတွက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Hun Sen ပဲ ပြန်ပြီးအနိုင်ရလိမ့်မယ်လို့ အများက တွက်ထားကြပါတယ်။

ဝန်ကြီးချုပ်ရဲ့ အာဏာရပါတီကို အဓိက ယှဉ်ပြိုင်နိုင်မယ်လို့ လက်ခံထားတဲ့ Candlelight ပါတီ ရွေးကောက်ပွဲ မဝင်နိုင်အောင် အာဏာပိုင်တွေက မှတ်ပုံတင်ခွင့် မပြုခဲ့ပါဘူး။ ဒီနေ့ ဖနွမ်းပင်မြို့တော်မှာ ဝန်ကြီးချုပ် မဲဆွဲပွဲမှာ သူ့နေရာကို ဆက်ခံမယ့် သားဖြစ်သူကလည်း ပါဝင်မဲဆွယ်စည်းရုံးခဲ့ပါတယ်။ Hun Sen ရဲ့သားအကြီးဆုံးဖြစ်သူ Hun Manet ဟာ ပါတီခေါင်းဆောင်ရာထူး ဆက်ခံမယ့်သူဖြစ်တယ်လို့ CPP ပါတီပြောခွင့်ရသူက အတည်ပြုပြောကြားထားပါတယ်။

အခုလို ရွေးကောက်ပွဲ မဲဆွယ်နေချိန်မှာပဲ ကမ္ဘောဒီးယားမှာ Facebook လူမှုကွန်ရက်ကို ပိတ်ပစ်ဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ Facebook ပေါ်မှာ နိုင်ငံရေး အတိုက်အခံတွေဘက်က ရေးသားတိုက်ခိုက်မှုတွေကို စိတ်ပျက်တဲ့အတွက် Facebook ကို မသုံးတော့ဘဲ Telegram ပေါ်မှာသာ ရေးတင်တော့မယ်လို့ ဝန်ကြီးချုပ် Hun Sen က ဗုဒ္ဓဟူးနေ့က ရုတ်တရက် ကြေညာခဲ့ပါတယ်။

အကြမ်းဖက်မှုတွေဖြစ်အောင် လှုံဆော်ရာရောက်နိုင်တဲ့ အသုံးအနှုန်းတွေ ရေးသားဖော်ပြခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ Facebook နဲ့ Instagram အကောင့်တွေကို ၆ လအသုံးပြုခွင့် ပိတ်ပင်သင့်တယ်လို့ လွတ်လပ်စွာ သုံးသပ်နိုင်တဲ့ဘုတ်အဖွဲ့က အကြံပြုခဲ့ပြီး နောက်တရက်အကြာမှာ ဝန်ကြီးချုပ်က အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG