သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘောဒီးယားနိုင်ငံ Kandal ပြည်နယ်မှာ စုံစမ်းစစ်ဆေးမှုတွေအရ HIV ပိုး ကူးစက်ပျံ့နှံ့မှု သစ်တွေ ရှိနေတယ်လို့သံသယရှိတဲ့အကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပူးတွဲကြေညာချက်အရ - ဖေဖော်ဝါရီလက Kandal နယ် Peam ရွာမှာ HIV ပိုးနဲ့ပတ်သက်ပြီး လူ ၂၇၉ ယောက်ကို စမ်းသပ်ခဲ့ရာမှာ ၄ ယောက်လောက် မှာ ရောဂါပိုးရှိတာကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လိုင်စင်မရှိတဲ့ ဆရာဝန်တွေကနေ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေနဲ့ လူတွေကို ကုသရာက လူပေါင်း ၂၀၀ ကျော် ကူးစက်ခဲ့ဖူးတဲ့ - ၂၀၁၄ ခုနှစ်အတွင်း Battambang မြို့က ဖြစ်ရပ်မျိုးနဲ့ အလားတူ ထပ်ပြီးကြုံရမှာကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက စိုးရိမ်နေကြတာပါ။

ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး တိုင်းပြည်တွင်း HIV ကူးစက်ပြန့်ပွားမှု ကင်းစင်ရေး ရည်မှန်းချက်ကို ပြည့်မီမယ့်ပုံတော့ မပေါ်ဘူးလို့လည်း အခုအခါ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။

ပြည်သူ့ကျန်းမာရေးကော်မတီရဲ့ ဥပဒေအကျိုးဆောင် Ke Sovannroth ကတော့ - HIV တိုက်ဖျက်ရေးမှာ နောက်ပြန်ဆုတ်တဲ့ အခြေအနေတွေဟာ - ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် လူတွေရဲ့ ယုံကြည်အားကိုးမှုကို ထိခိုက်ပျက်ဆီးစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG