သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron လွှတ်တော်ကနေ နှုတ်ထွက်မည်


ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း David Cameron က လွှတ်တော်အမတ် ရာထူးကနေ အနားယူတော့မယ့်အကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်တဲ့အတွက် အီးယူ ဥရောပတိုက်အတွင်း ဗြိတိန်နိုင်ငံ ဆက်လက်ပါဝင်ရေး ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ ရှုံးနိမ့်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အခုလို သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်မှုတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် မစ္စတာ Cameron က သူဝန်ကြီးချုပ်ရာထူးကနေ အနားယူဖို့ ပြောကြားတဲ့အချိန်တုန်းက သူ့အနေနဲ့ ကွန်ဆာဗေးတစ်ပါတီထဲမှာ ခေါင်းဆောင်နေရာမှာ မရှိတော့ပေမယ့်လည်း လွှတ်တော်ထဲမှာ ဆက်နေသွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့တာပါ။

ဗြိတိန်နိုင်ငံအလယ်ပိုင်း Oxfordshire မဲဆန္ဒနယ်ကို တခြားတယောက်က ကိုယ်စားပြုနိုင်ဖို့အတွက် သူ့အနေနဲ့ အဲဒီ မဲဆန္ဒနယ်ကို ကိုယ်စားပြုခြင်းကနေ အနားယူတော့မယ့်အကြောင်း ဝန်ကြီးချုပ် Theresa May ကို ပြောကြားခဲ့တယ်လို့ မစ္စတာ Cameron က ပြောပါတယ်။

လွှတ်တော်အတွင်းမှာ သူရှိနေခြင်းက အစိုးရအတွက် အနောက်အယှက်ဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ ခံစားရကြောင်း ဘီဘီစီ သတင်းဌာနကို မစ္စတာ Cameron က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG