သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေဆးအျပည့္ထိုးၿပီးသူေတြကို ကန္နယ္စပ္ျပန္ေပးဝင္မည္


ကေနဒါကေန အေမရိကန္ကို နယ္စပ္ျဖတ္ေက်ာ္ဝင္လာသူ မိသားတစု

{Zawgyi/Unicode}

ကာကြယ္ေဆးအျပည့္ထိုးၿပီး ခရီးသြားေတြအတြက္ အိမ္နီးခ်င္းေတြျဖစ္ၾကတဲ့ ကေနဒါနဲ႔ မကၠဆီကိုႏိုင္ငံတို႔နဲ႔ နယ္စပ္ကုန္းလမ္းေတြကို လာမယ့္လကစၿပီး ဖြင့္မယ္လို႔ အေမရိကန္ ျပည္ေထာင္စုက ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ပါတယ္။

ဒီနယ္စပ္ေတြကို အဓိက ကုန္ပစၥည္းမ်ား ကုန္သြယ္ေရးကလြဲၿပီး ကူးသန္းခြင့္ေတြကို ကိုဗစ္ ကပ္ေဘးျဖစ္ခဲ့တဲ့ ၂၀၂၀ ခုႏွစ္ မတ္လကတည္းက ပိတ္ထားခဲ့တာပါ။ကာကြယ္ေဆး အျပည့္ ထိုးၿပီး ခရီးသည္ေတြကို လာမယ့္လကစၿပီး အေမရိကန္ႏိုင္ငံကို ေလေၾကာင္းကေန လာေရာက္တာ ခြင့္ျပဳမယ့္အေၾကာင္း သမၼတဂ်ိဳးဘိုင္ဒင္က ေၾကညာခဲ့ၿပီး ရက္သတၱပတ္ အနည္းငယ္ အၾကာမွာ ခုလို နယ္စပ္ဖြင့္တဲ့ေၾကညာခ်က္ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ဒါေပမဲ့ ေ႐ႊ႕ေျပာင္းေနထိုင္လိုၾကသူေတြက ႏိုင္ငံေရးခိုလႈံခြင့္ မေတာင္းခံႏိုင္မီမွာ နယ္စပ္ျဖတ္ဝင္တာကို ပိတ္ပင္ မွာ ျဖစ္တယ္လို႔အမည္မေဖာ္လိုတဲ့အရာရွိေတြက ေျပာၾကပါတယ္။

အင္ဒိုနီးရွားႏိုင္ငံကလည္း China ၊ Japan ၊ New Zealand ၊ South Korea နဲ႔ယူေအအီး ႏိုင္ငံ က ခရီးသည္ေတြအတြက္ ဘာလီကြၽန္းကို ၾကာသပေတးမွာ ဖြင့္ေပးမွာပါ။ ဒါေပမဲ့ ခရီးသည္ေတြဟာ ကာကြယ္ေဆး အျပည့္ထိုးၿပီးေၾကာင္း အေထာက္အထား ျပသရမွာျဖစ္သလို ကိုဗစ္ပိုး စစ္ေဆးခံေနစဥ္အတြင္း ဟိုတယ္မွာ ငါးရက္ၾကာ အသြားအလာ ကန႔္သတ္ေနထိုင္ရမွာ ျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီး (WHO) ကလည္း ေရာဂါပိုးအသစ္မ်ား စျဖစ္ရာေနရာကို စုံစမ္းမယ့္ သိပၸံပညာရွင္မ်ား အႀကံေပးအဖြဲ႔တဖြဲ႔ကို ဖြဲ႔စည္းလိမ့္မယ္လို႔ နယူးေယာက္တိုင္းမ္ သတင္းစာႀကီးက အဂၤါေန႔က ေျပာပါတယ္။ ကိုဗစ္ဗိုင္းရပ္စ္ဟာ တိရိစာၦန္ကေန လူကို ကူးတာလား၊ ဝူဟန္ ဓာတ္ခြဲခန္းကေန ကူးတာလားဆိုတဲ့ အျငင္းပြါးခ်က္ေတြက ႏိုင္ငံေရးအဆင့္အထိ ေရာက္ခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္


---------

{Unicode}

ကာကွယ်ဆေးအပြည့်ထိုးပြီး ခရီးသွားတွေအတွက် အိမ်နီးချင်းတွေဖြစ်ကြတဲ့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့နဲ့ နယ်စပ်ကုန်းလမ်းတွေကို လာမယ့်လကစပြီး ဖွင့်မယ်လို့ အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

ဒီနယ်စပ်တွေကို အဓိက ကုန်ပစ္စည်းများ ကုန်သွယ်ရေးကလွဲပြီး ကူးသန်းခွင့်တွေကို ကိုဗစ် ကပ်ဘေးဖြစ်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ပိတ်ထားခဲ့တာပါ။ကာကွယ်ဆေး အပြည့် ထိုးပြီး ခရီးသည်တွေကို လာမယ့်လကစပြီး အမေရိကန်နိုင်ငံကို လေကြောင်းကနေ လာရောက်တာ ခွင့်ပြုမယ့်အကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကြေညာခဲ့ပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ ခုလို နယ်စပ်ဖွင့်တဲ့ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ရွှေ့ပြောင်းနေထိုင်လိုကြသူတွေက နိုင်ငံရေးခိုလှုံခွင့် မတောင်းခံနိုင်မီမှာ နယ်စပ်ဖြတ်ဝင်တာကို ပိတ်ပင် မှာ ဖြစ်တယ်လို့အမည်မဖော်လိုတဲ့အရာရှိတွေက ပြောကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း China ၊ Japan ၊ New Zealand ၊ South Korea နဲ့ယူအေအီး နိုင်ငံ က ခရီးသည်တွေအတွက် ဘာလီကျွန်းကို ကြာသပတေးမှာ ဖွင့်ပေးမှာပါ။ ဒါပေမဲ့ ခရီးသည်တွေဟာ ကာကွယ်ဆေး အပြည့်ထိုးပြီးကြောင်း အထောက်အထား ပြသရမှာဖြစ်သလို ကိုဗစ်ပိုး စစ်ဆေးခံနေစဉ်အတွင်း ဟိုတယ်မှာ ငါးရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ရောဂါပိုးအသစ်များ စဖြစ်ရာနေရာကို စုံစမ်းမယ့် သိပ္ပံပညာရှင်များ အကြံပေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိမ့်မယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးက အင်္ဂါနေ့က ပြောပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေ လူကို ကူးတာလား၊ ဝူဟန် ဓာတ်ခွဲခန်းကနေ ကူးတာလားဆိုတဲ့ အငြင်းပွါးချက်တွေက နိုင်ငံရေးအဆင့်အထိ ရောက်ခဲ့ရတာပါ။

#Covid19 #USCovidVaccine #USBorders #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG