သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Qaida အကြမ်းဖက် ကြံစည်မှု ကနေဒါ ကြိုတင်ဟန့်တား


al-Qaida အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ခရီးသည်တင် မီးရထားတစင်းကို တိုက်ခိုက်ဖို့ လျှို့ဝှက် ကြံစည်ခဲ့တဲ့ ကနေဒါနိုင်ငံမှာ နေထိုင်သူ ၂ ဦးကို ဖမ်းဆီးပြီး စွဲချက်တင်ထားပြီ
ဖြစ်တဲ့အကြောင်း ကနေဒါ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

အမေရိကန် အာဏာပိုင်တွေရဲ့ အကူအညီနဲ့ အခုလို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ကနေဒါ ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ချီဟပ်ဘ် အပ်စပ်ဟိုင်အာ (Chiheb Esseghaier) နဲ့ ရာရိ ဂျတ်ဆာ (Raed Jaser) တို့ကို Montreal နဲ့ Toronto နယ်မြေအတွင်းမှာ ဖမ်းဆီးခဲ့တာပါ။

အခုလို ဖမ်းဆီးခံခဲ့ရသူတွေဟာ တိုက်ခိုက်ဖို့အတွက် ကြံရွယ်ခဲ့တယ်လို့ ယုံကြည်ရပေမဲ့ အများပြည်သူ သွားလာနေတာတွေ၊ ရထားဝန်ထမ်းတွေ၊ ခရီးသည်တွေနဲ့ ရထားလမ်းကြောင်းတွေကို လတ်တလော တိုက်ခိုက်မယ့် လက္ခဏာတွေတော့ မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခဲ့သူ ၂ ဦးဟာ ခရီးသည်တင် ရထားကို Toronto မြို့တွင်းမှာ တိုက်ခိုက်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့အပတ်အတွင်း အမေရိကန် ပြည်ထောင်စု Boston မာရသွန် ပြေးပွဲကို ဗုံးဖောက်ခွဲ တိုက်ခိုက်သူတွေနဲ့ ဆက်စပ်မှု မရှိဘူးလု့ိ ပြောပါ တယ်။
XS
SM
MD
LG