သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ စားသောက်ဆိုင်ပေါက်ကွဲမှု ၁၅ ဦး ဒဏ်ရာရ


Canada Explosion
Canada Explosion

ကနေဒါနိုင်ငံ Ontaria ပြည်နယ်၊ မစ်ဆီဆန်ဂါမြို့ စားသောက်ဆိုင်ထဲကို ကြာသပတေးနေ့က ဝင်ပြီး ဗုံးခွဲတိုက်ခိုက်သူ နှစ်ဦး ဘယ်မှာ ရှိတယ်ဆိုတာကို ကနေဒါ ရဲတွေက ရှာဖွေနေပါတယ်။

ဖေါက်ခွဲတိုက်ခိုက်မှု မဖြစ်ခင်လေးမှာတင် သူတို့နှစ်ယောက် စားသောက်ဆိုင်ထဲကို ဝင်လာတာကို လုံခြုံရေးကင်မရာမှာတွေ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် အပြင်း အထန်ဒဏ်ရာ ရခဲ့သလို အခြား လူ ၁၂ ယောက်လည်း အနည်းငယ်စီ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ သံသယရှိသူတွေလွတ်မြောက်သွားပြီး၊ ဘယ်သူဘယ်ဝါ ဆိုတာ မသိရသေးသလို ဘယ်သူ့ လက်ချက်ဆိုတာမျိုးလည်း ကနေဒါ ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂ လကလည်း မစ်ဆီဆန်ဂါမြို့နဲ့ မိုင် ၂၀ ပဲ ဝေးတဲ့ Toronto မြို့မှာ လူတယောက်က ကားနဲ့ ဝင်တိုက်လို့ လူ ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ကနေဒါ စားသောက်ဆိုင်ပေါက်ကွဲမှု ၁၅ ဦး ဒဏ်ရာရ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG