သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ ရေခဲဟော်ကီအသင်းယာဉ်တိုက်မှု လူ ၁၀ဦးကျော်သေဆုံး


ကနေဒါ Humboldt Broncos ရေခဲဟော်ကီအသင်း (ပြိုင်ပွဲဝင် မှတ်တမ်းပုံ)
ကနေဒါ Humboldt Broncos ရေခဲဟော်ကီအသင်း (ပြိုင်ပွဲဝင် မှတ်တမ်းပုံ)

ကနေဒါနိုင်ငံမှာ ရေခဲပြင်ဟော်ကီ လူငယ်အားကစားသမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတစင်း မနေ့ညပိုင်းက တိုက်မိရာမှာ အနည်းဆုံး ၁၄ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Saskatchewan ပြည်နယ်က လူငယ်ဟော်ကီအသင်းဟာ Nipawin မြို့မှာ ပြိုင်ပွဲဝင်ဖို့အသွား ပြည်နယ်ရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၃၀ လောက်အကွာမှာ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်က မတော်တဆမှု ဖြစ်ခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်သူ ၃ ဦး အပါအဝင်၊ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းလည်း ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့က ပြောပါတယ်။ မတော်တဆမှု ဖြစ်ပွားချိန် ဘတ်စ်ကားပေါ်မှာ အားကစားအသင်းနည်းပြတွေနဲ့ ယာဉ်မောင်းအပါအဝင် စုစုပေါင်း လူ ၂၈ ယောက် လိုက်ပါသွားခဲ့ကြတာပါ။

ထိခိုက်သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာ သိနိုင်ဖို့ ကနေဒါ ရဲတပ်ဖွဲ့က ဒီကနေ့ စနေနေ့မနက်ပိုင်းအထိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ အားကစားသမားတွေရဲ့ မိသားစုတွေ ဘယ်လောက်အထိ ထိခိုက်ခံစားကြရမယ်ဆိုတာ မတွေးဝံ့အောင် ဖြစ်ရကြောင်းနဲ့ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးဒဏ် ခံခဲ့ရသူတွေအတွက် ရင်ထဲမှာ ထိခိုက်ကြေကွဲရကြောင်းလည်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။

ယာဉ်တိုက်မှုကြုံခဲ့တဲ့ Humboldt Broncos အသင်းမှာတော့ အငယ်ဆုံးအသက် ၁၆ နှစ်ကနေ အကြီးဆုံးက အသက် ၂၀ အထိရှိတဲ့ အားကစားသမား ၂၄ ယောက် ပါဝင်ပြီး၊ အားလုံးဟာလည်း ကနေဒါနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ Broncos အသင်းနဲ့ သောကြာနေ့ညမှာ ကစားမယ့် Nipawin Hawks အသင်းကတော့ ပွဲစဉ်ကို ဖျက်ခဲ့ကြောင်း Facebook စာမျက်နှာက ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG