သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနိုင်ငံသားကို တရုတ်သေဒဏ် ချမှတ်


မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ကနေဒါနိုင်ငံသားတဦးကို တရုတ်နိုင်ငံတရားရုံးတခုက သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ သေဒဏ်ကို ထင်သလိုသုံးစွဲနေတယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကစွပ်စွဲ လိုက်ပါတယ်။

ကနေဒါနိုင်ငံသား အငြိမ်းစား Robert Lloyd Schellenberg ကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တရားရုံးက အစပိုင်းမှာ ထောင်ဒဏ်၁၅နှစ်ချမှတ်ခဲ့ပေမဲ့လည်း ဒီဆုံးဖြတ်ချက်က သက်ညှာလွန်းတယ် ဆိုပြီး သေဒဏ်ပေးကွက်မျက်ဖို့ တနင်္လာနေ့မနေ့နေ့တုန်းက တရက်ကြာ ပြန်လည်တရားစီရင်မှုအတွင်းဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်အတွင်း မက်သ်အဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး ကီလိုဂရမ်၂ရာကျော်ကို တရုတ်နိုင်ငံကနေ သြစတေး လျှနိုင်ငံကိုသယ်ယူရောင်းချမှုဆိုတဲ့ စွပ်စွဲချက်နဲ့ ကနေဒါနိုင်ငံသား Robert Lloyd Schellenbergကိုတရားစွဲဆိုခဲ့တာပါ။

တရုတ်ဆက်သွယ်ရေးကုမ္ပဏီရဲ့အကြီးအကဲတဦးကို မကြာခင်တုန်းကပဲ ကနေဒါနိုင်ငံမှာဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်း တရုတ်နဲ့ ကနေဒါ၂နိုင်ငံအကြားတင်းမာမှုတွေကရှိလာနေတာပါ။ အမေရိကန်နိုင်ငံကအလိုရှိနေတဲ့ Huawei ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ Meng Wanzhouဟာ ကနေဒါနိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ၁ရက်နေ့က ဖမ်းဆီးခံခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG