သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ ရွေးကောက်ပွဲ လစ်ဘရယ်ပါတီ အနိုင်ရ


၀န်ကြီးချုပ်သစ်ဖြစ်လာမယ့် Liberal Party ရဲ့ခေါင်းဆောင် မစ္စတာ Justin Trudeau ။
၀န်ကြီးချုပ်သစ်ဖြစ်လာမယ့် Liberal Party ရဲ့ခေါင်းဆောင် မစ္စတာ Justin Trudeau ။

အင်္ဂါနေ့မှာ ကျင်းပတဲ့ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ Liberal Party ရဲ့ ခေါင်းဆောင် မစ္စတာ Justin Trudeau ဟာ ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ် လာပါလိမ့်မယ်။ လစ်ဘရယ်ပါတီက ပါလီမန်အမတ်နေရာ ၃၃၈ နေရာမှာ ၁၈၄ နေရာနိုင်ပြီး အခု ရှုံးနိမ့်သွားတဲ့ ဝန်ကြီးချုပ် Stephen Harper ရဲ့ ကွန်ဆာဗေးတစ်ပါတီက ၉၉ နေရာနဲ့ လက်ဝဲယိမ်း နယူးဒီမိုကရက်တစ်ပါတီက ၄၄ နေရာရသွားတဲ့ အကြောင်း ကနေဒါ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာအကောင်းမြင်တဲ့နိုင်ငံရဲ့ရေးမဲဆွယ်စည်းရုံးမှုရဲ ရလဒ် ဖြစ်တယ် လို့Trudeauက သူ့ကိုအားပေးထောက်ခံကြတဲ့ လူအုပ်ကြီးကို Montrealမြို့မှာ မနေ့ တနင်္လာနေ့ည ကပြောဆိုပြီးအောင်ပွဲ ကျင်းပခဲ့ပါတယ်။ သူ့အနေနဲ့ သဘောထား တူညီသူတွေနဲ့ရှေ့ဆက်တိုးပြီး အတူတကွ လုပ်ကိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်းဆိုပါတယ်။

တနင်္လာနေ့နှောင်းပိုင်းမှာတော့ ကာလ် ဂယ်ရီ Calgary မြို့မှာ ရွေးကောက်ပွဲ ရှုံးနိမ့်တာ ကို ဝန်ခံပြောဆိုတဲ့ အချိန်မှာဘဲ ဝန်ကြီးချုပ်ဟောင်း မစ္စတာ Harper က ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် Trudeau ကို က ဂုဏ်ပြုချီးကျူး လိုက်ပါတယ်။ ခုလိုရုတ်တရက် အောင်ပွဲရလိုက်တဲ့အတွက် အသက် ၄၃ နှစ်အရွယ် Trudeau ဟာ ကနေဒါနိုင်ငံရဲ့ သမိုင်းမှာ ဒုတိယ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

သူ့ဟာ နိုင်ငံရေးအတွေ့အကြုံသိပ်နည်းပြီး ဒီရာထူးအတွက် အဆင်သင့်မဖြစ်သေးဘူး လို့ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ခံနေရပါတယ်။ ကျောင်းဆရာဟောင်းတယောက်ဖြစ်တဲ့ Trudeau ဟာ ၂၀၀၈ မှာ ပါလီမန်အမတ်ဖြစ်လာပြီး၂၀၁၃ မှာတော့ လစ်ဘရယ် ပါတီခေါင်းဆောင်ဖြစ်လာပါတယ်။

လစ်ဘရယ်ပါတီက ၂၀၀၆ ကတည်းကစလို့ ကွန်ဆာဗေးတစ်ပါတီကို ရွေးကောက်ပွဲ သုံးကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပါတယ်။အချမ်းသာဆုံး ကနေဒါနိုင်ငံသားတွေအပေါ် အခွန်တိုးကောက်ဖို့၊ နိုင်ငံစီးပွါးရေးတိုးတက်ဖို့ အတွက် အခြေခံ အဆောက်အအုံတွေမှာ ပိုြ့ပီးငွေကြေး ထည့်ဝင်သုံးစွဲဖို့နဲ့ အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ဆိုတဲ့ အချက်တွေကိုအခြေခံပြီး သူက မဲဆွယ်စည်းရုံးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG