သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ္စတိုပြောင်းတို တားမြစ်မိန့် ကနေဒါဝန်ကြီးချုပ် ထုတ်ပြန်


Canada's Prime Minister Justin Trudeau speaks
Canada's Prime Minister Justin Trudeau speaks

ကနေဒါမှာ ပစ္စတိုပြောင်းတိုသေနတ် ပိတ်ပင်တားမြစ်မိန့်သစ်ကို ဝန်ကြီးချုပ် Justin Trudeau က ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးချုပ် Trudeau က၊ အခု နိုင်ငံတဝှမ်း ပြောင်းတိုသေနတ် ဝယ်ယူ၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပိတ်ပင်တဲ့ ဥပဒေသစ်က အရေးပေါ်အမြန် ထုတ်ပြန်ရတာ ဖြစ်တယ်။ အခုချက်ချင်း အသက်ဝင်မှာပါလို့ မနေ့က ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် Trudeau က သေနတ်သမားတွေ ပစ်ခတ်မှုကြောင့်၊ လူတွေ ရက်ရက်စက်စက် သေဆုံးခံစားနေရချိန်မှာ၊ ဒါကို တားမြှစ်နိုင်ဖို့က ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိတယ်။ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ လိုအပ်နေပါတယ်လို့ အလေးအနက် ဆက်ပြောခဲ့ပါတယ်။

အမေရိကန်မှာ အသေအကျေများခဲ့တဲ့ Texas ကျောင်းတွင်း ပစ်ခတ်မှုဖြစ်ခဲ့အပြီး၊ တပတ်အတွင်း အိမ်နီးချင်း ကနေဒါလွှတ်တော်မှာ ဒီနှစ် မေလကုန်က တင်ခဲ့တဲ့၊ ပိုကျယ်ပြန့် အားကောင်းတဲ့ လက်နက်ဥပဒေမူကြမ်းကို ဆက်ဆွေးနွေးနေရချိန် အခုဥပဒေထွက်လာတာပါ။ ဝန်ကြီးချုပ် Trudeau ကလည်း အခုပြည်တွင်းဈေးကွက်ဆိုင်ရာ ဥပေဒသစ်က မျိုးဆက်တခုအတွင်း အပြင်းထန်ဆုံး သေနတ်တားမြစ်ချက်တွေထဲက တခုဖြစ်ပြီး၊ သြဂုတ်လက ထုတ်ခဲ့တဲ့၊ ပြောင်းတိုသေနတ်တင်သွင်းမှု ပိတ်ပင်တဲ့ ဥပဒေလည်း ဆက်ရှိနေမှာပါလို့ ဆက်ပြောပါတယ်။

ကနေဒါမှာ ၂၀၂၀ ခုနှစ် လူအစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုအပြီးမှာလည်း ပြောင်းရှည်စစ်ပွဲသုံး လက်နက်တွေကိုကို တားမြှစ်ခဲ့တဲ့၊ ကနေဒါမှာ အမေရိကန်ထက် အခုလို ပစ်ခတ်မှုတွေ ပိုနည်းပေမဲ့ လက်နက်တားမြစ်မှုတွေကတော့ ပိုတင်းကြပ်ပါတယ်။ အခုလို သေနတ်နဲ့ လူသတ်မှု ကနေဒါမှာဖြစ်တာက၊ အမေရိကန်ရဲ့ ၅ ပုံ ၁ ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ တခြားချမ်းသာတဲ့ နိုင်ငံတွေထက်တော့၊ ပိုပြီး မြင့်မားနေပါသေးတယ်။ သြစတျေးလျမှာ အခုလို ပစ်ခတ်မှုထက် ကနေဒါက ၅ ဆ များနေပါသေးတယ်။

==== Unicode ====





XS
SM
MD
LG