သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါပစ်ခတ်မှု ၂ ဦးသေဆုံး


ကနေဒါနိုင်ငံ Toronto မြို့မှာ လူတယောက်က ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၀ နှစ် နဲ့ ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး နောက်ထပ် ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်သူလို့ သံသယရှိသူဟာ တိုရွန်တိုမြို့က အသက် ၂၉ နှစ်အရွယ် Faisal Hussain ဆိုသူဖြစ်ပြီး ၊ အဲဒီသေနတ်သမားလည်း သေဆုံးသွားတယ်လို့ Toronto ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားဟာ တိုရန်တိုမြို့ Greektown ရပ်ကွက်တွင်း လူသွားစင်္ကြန်မှာလျှောက်သွားရင်းနဲ့ စားသောက်ဆိုင်တွေ နဲ့ ကဖေးတွေကို သေနတ်နဲ့ အချက် ၂၀ ကနေ ၃၀ လောက်အထိ ပစ်ခတ်ခဲ့တာကို ကြားလိုက်ရတယ်လို့ ကိုယ်တိုင် ကြားခဲ့သူတွေက ပြောပါတယ်။ သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ Mark Saunders က ပြောပါတယ်။

ဘာကြောင့် အခုလို ပစ်ခတ်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေဆဲ ဖြစ်ပြီး၊ ဘာကြောင့် ဖြစ်နိုင်တယ် ဆိုတာမျိုး တထစ်ချ မဆုံးဖြတ်နိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။ လက်ကိုင်ဖုန်းတွေနဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေထဲမှာတော့ တကိုယ်လုံးအနက်ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသားက Greektown ရပ်ကွက်ထဲက စားသောက်ဆိုင် တခုထက်မနည်းကို လူသွားစင်္ကြန်ပေါ်ကနေ ပစ်ခတ်ခဲ့တယ်ဆိုတာကို ပြသထားပါတယ်။

တိုရန်တိုမြို့တော်ဝန် John Tory ကတော့ - ဒီမြို့မှာ လူတွေ အများအပြားက သေနတ်တွေကို အလွယ်တကူ ရနိုင်တာကြောင့် သေနတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ မကြာခင်က ဆက်တိုက် ကြုံခဲ့ရတဲ့ ပစ်ခတ်မှုတွေကြောင့်လည်း ဒီမြို့မှာ နောက်ထပ် ရဲတပ်ဖွဲ့ဝင်တွေကို မကြာခင်ရက်ပိုင်းတွေကပဲ တိုးမြှင့် ချထားခဲ့တာပါ။

ကနေဒါပြစ်ခတ်မှု ၂ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG