သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါတောမီး ပိုအင်အားကြီး


ကနေဒါနိုင်ငံ Albata ဒေသမှာ လောင်ကျွမ်းနေတဲ့ ကြီးမားတဲ့ တောမီးကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ အတင်း ရွှေ့ပြောင်းခိုင်းနေရပြီး အခုထိ အချိန်အတော်ကြာအောင် မီးမငြိမ်းနိုင်သေးဘဲ အခုထက် ၂ ဆလောက် မီးပိုကြီးလာနိုင်ချေ ရှိနေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

တောမီးဟာ ဒေသတလျှောက် ထိန်းမရနိုင်သေးဘဲ ဆက်လောင်နေတာမို့ ခုထက် ၂ ဆ ပိုကြီးမားလာနိုင်တယ်လို့ Albata ပြည်နယ် စိုက်ပျိုးရေးနဲ့ သစ်တောဌာန ဒေသတောမီးကာကွယ်ရေး အကြီးတန်းမန်နေဂျာ Chad Morrison က ပြောပါတယ်။ အခြေနေဟာ ထိန်းမရနိုင်သေးဘဲ လာမယ့် ၂ ရက်လောက်မှာ အရှေ့မြောက်ဘက်ကို တောမီး ပြန့်သွားမယ်လို့ ခန့်မှန်းရကြောင်း သောကြာနေ့က ပြောပါတယ်။

တောမီးဟာ သစ်တော ဟက်တာ တသိန်းလောက်ကို ဝါးမြိုသွားပြီဖြစ်ပြီး အနားမှာရှိတဲ့ Fort McMurray ရပ်ကွက်က နေအိမ်ပေါင်း ၂၀၀၀ လောက်ပါ မီးထဲ ပါသွားပြီ ဖြစ်ပါတယ်။

Albata က ရေနံရှိရာ သဲမြေဒေသမှာ လောင်တဲ့ တောမီးဟာ ကြိုးစားပြီး ငြိမ်းသတ်နေတဲ့ကြားက ဆက်လောင်နေတာမို့ မိုးကောင်းကောင်း ရွာမှပဲ ရပ်တော့မယ့် အနေထားရှိတယ်လို့ Morrison က ပြောပါတယ်။

ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတဲ့ ဒေသခံတွေ အဲဒီမီးလောင်ရာ အန္တရာယ်ကြီးတဲ့ နေရာကို သူတို့ ပစ္စည်းတွေ ပြန်လာပြီး မယူကြစေဖို့ ရဲတွေက စောင့်နေရပါတယ်။

XS
SM
MD
LG