သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဝန်ကြီးချုပ် အီရန်ဆန္ဒပြသူတွေနဲ့အတူ ချီတက် ဆန္ဒပြ


အောက်တိုဘာလ ၂၉ ရက်နေ့က ကနေဒါနိုင်ငံ၊ အော်တာဝါမြို့တွင် အီရန်ဆန္ဒပြသူများနှင့်အတူ ချီတက်နေသည့် ဝန်ကြီးချုပ် ထရူးဒိုး။
အောက်တိုဘာလ ၂၉ ရက်နေ့က ကနေဒါနိုင်ငံ၊ အော်တာဝါမြို့တွင် အီရန်ဆန္ဒပြသူများနှင့်အတူ ချီတက်နေသည့် ဝန်ကြီးချုပ် ထရူးဒိုး။

ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သူ့ဇနီးတို့ဟာ အီရန်ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ပြသဖို့အတွက် ကနေဒါနိုင်ငံ အိုတာဝါမြို့က အီရန်ဆန္ဒပြသူများ ထောက်ခံချီတက်ပြပွဲမှာ ပါဝင်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကနေဒါနိုင်ငံနဲ့ ကမ္ဘာတဝှမ်းမှာ အီရန်ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ချီတက်ပွဲတွေ စနေနေ့က အများကြီး လုပ်ခဲ့ကြတဲ့အနက် အိုတာဝါ ဆန္ဒပြပွဲက ထောက်ခံပွဲတစ်ပွဲ ဖြစ်ပါတယ်။ ခေါင်းစည်းပုဝါကို သတ်မှတ်ချက်နဲ့အညီ မစည်းတဲ့အတွက် စက်တင်ဘာလအတွင်းမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ဘာသာရေး ရဲတွေက ထိန်းသိမ်းထားစဉ် အသက် ၂၂ နှစ် အရွယ်၊ မာစာ အာမီနီ ကွယ်လွန်ခဲ့တာကို ကန့်ကွက်ကြတဲ့ ဆန္ဒပြပွဲတွေက အီရန်နိုင်ငံ အနှံ့မှာ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့မှာပဲ အီရန်နိုင်ငံရဲ့ တော်လှန်ရေးအစောင့်တပ် အကြီးအကဲ Hossein Salami က ဆက်လက် ဆန္ဒမပြကြဖို့ သတိပေးလိုက်ပါတယ်။ ဆန္ဒပြပွဲတွေဟာ အန္တရာယ်ကြီးမားလှတဲ့ အစီအစဉ်ဖြစ်ပြီး၊ အိမ်ဖြူတော်နဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရတွေက သားဖောက်ပေးခဲ့တာ ဖြစ်တယ်လို့ Hossein Salami က ဆိုပါတယ်။

ဒါပေမဲ့ အီရန်ပြည်သူတွေဟာ သူ့ သတိပေးချက် ကို လျစ်လျူပြုလိုက်ကြပြီး စနေနေ့ က ဆန္ဒ ပြပွဲတွေ ဆက်လက် ဆင်နွှဲခဲ့ကြတာပါ။

==== Unicode ====





XS
SM
MD
LG