သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြေပူနွေးမှုတိုက်ဖျက်ရေး အစီအစဉ် ရာသီဥတုညီလာခံမှာ ချမှတ်


ကမ္ဘာမြေပူနွေးမှုတိုက်ဖျက်ရေး အစီအစဉ် ရာသီဥတုညီလာခံမှာ ချမှတ်
ကမ္ဘာမြေပူနွေးမှုတိုက်ဖျက်ရေး အစီအစဉ် ရာသီဥတုညီလာခံမှာ ချမှတ်

မက္ကဆီကိုနိုင်ငံ Cancun မြို့မှာ သီတင်းပတ် ၂ ပတ်ကြာလုပ်ခံတဲ့ ရာသီဥတုဆိုင်ရာ ညီလာခံကြီးအပြီးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်နိုင်ဖို့ သာမန်အဆင့် သဘောတူညီချက်တရပ် ရခဲ့ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးနိုင်ဖို့ ဒေါ်လာ သန်း ထောင်ပေါင်းများစွာ ထည့်ဝင်မယ့် ရန်ပုံငွေလုပ်ငန်းကိစ္စ အပါအဝင် ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို နိုင်ငံပေါင်း ၁၉၀ ကျော်က ဒီကနေ့ အတည်ပြုပေးခဲ့တာပါ။

ဒီသဘောတူညီချက်ကို ကန့်ကွက်တဲ့တခုတည်းသော နိုင်ငံကတော့ ဘိုလီးဗီးယား ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ထဲမှာ ရာသီဥတု ပြောင်းလဲမှုကို အကာအကွယ်ပေးဖို့ လုံလောက်တဲ့အဆင့်အထိ ရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ သူတို့က ဆိုပါတယ်။ ကလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမှာ ပုံမှန်ာအားဖြင့်တော့ နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ချက် ချလေ့ရှိပါတယ်။ အခု ဘိုလီးဗီးယား နိုင်ငံတခုတည်းက ကန့်ကွက်နေမှုကိုတော့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး ပက်ထရီရှာ အက်စ်ပီနိုဆာ က တနိုင်ငံတည်းက ဗီတိုအာဏာသုံးပြီး ပယ်ချခွင့်မရှိဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG