သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cannes ရုပ်ရှင်ပွဲတော်မှာ တူရကီရုပ်ရှင် အကောင်းဆုံးဆုရ


ပြင်သစ်နိုင်ငံတောင်ပိုင်း ကိန်း (Cannes) မြို့မှာ ကျင်းပတဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို တူရကီရုပ်ရှင် Winter Sleep ရုပ်ရှင်က ရရှိသွားပါတယ်။

၃ နာရီကျော်ကြာတဲ့ Winter Sleep ရုပ်ရှင်က ကိုယ့်အတွက်ပဲသိတဲ့ ဟိုတယ်လုပ်ငန်းရှင်တယောက်ရဲ့
အကြောင်းကို ပုံဖော်ပြသထားတာပါ၊ စနေနေ့က ပြုလုပ်တဲ့ ၆၇ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော် ဆုပေးပွဲမှာ ဒုတိယအမြင့်ဆုံး Grand Prix ဆုကို အီတလီဒါရိုက်တာ Alice ရိုဗာကာ (Alice Rohrwacher) က The Wonders ဆိုတဲ့ ကားအတွက် ရရှိပါတယ်။

ဒီနှစ်ဆုကြီးအတွက် ဝင်ပြိုင်ကြတဲ့ ရုပ်ရှင်ကားတွေထဲမှာ အမျိုးသမီးဒါရိုက်တာ ၂ ယောက်ပဲပါပြီး Alice ရိုဗာကာ က တယောက်ဖြစ်ပါတယ်။ အကောင်းဆုံး မင်းသားဆုကို ဗြိတိန်မင်းသား Timothy Spall က Mr. Turner ဆိုတဲ့ကားမှာ ရရှိပြီး Hollywood မင်းသမီး Julianne Moore က အကောင်းဆုံးမင်းသမီးဆုကို Maps to the Stars ဇာတ်ကားမှာ ရရှိသွားပါတယ်။

အမေရိကန် ဒါရိုက်တာ Bennett Miller ကလည်း Foxcatcher ရုပ်ရှင်ကားအတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ကိန်းရုပ်ရှင်ပွဲတော်မှာ ရရှိသွားပါတယ်။
XS
SM
MD
LG