သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီဂျစ်အစိုးရ ရှေ့နေချုပ်သေဆုံး


အီဂျစ်နိုင်ငံမှာ တနင်္လာနေ့က ဖြစ်သွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုအတွင်း အစိုးရရှေ့ချုပ် သေဆုံးသွားပါတယ်။ အစိုးရရှေ့နေချုပ် အိမ်ကနေ အလုပ်ကိုအသွား စီးလာတဲ့ ယာဉ်တန်းကို ကိုင်ရိုမြို့မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အစ္စလာမ်မစ်ဝါဒီ အစိုးရ ပြုတ်ကျသွားပြီးနောက် ပြုလုပ်တဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ တနင်္လာနေ့က သေဆုံးသွားတဲ့ အစိုးရရှေ့နေချုပ် Hisham Barakat ဟာ အဆင့်အမြင့်ဆုံး အစိုးရအရာရှိ ဖြစ်ပါတယ်။

ရှေ့နေချုပ် Barakat ဟာ ၂၀၁၃ ခုနှစ်တုန်းက စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတဟောင်း Mohamed Morsi အပါအဝင် မူဆလင် ညီအကိုတော်များအဖွဲ့ဝင်တွေနဲ့ တခြား စစ်သွေးကြွတွေကို တရားစွဲဆိုခဲ့သူလည်း ဖြစ်ပါတယ်။

တနင်္လာနေ့က ပေါက်ကွဲမှုဟာ ရှေ့နေချုပ် Barakat အိမ်ကထွက်လာတဲ့အချိန် ကိုင်ရိုမြို့က Heliopolis ဆိုတဲ့ လူကုန်တန်ရပ်ကွက်ကို ရောက်တဲ့အချိန်မှာ ဖြစ်သွားခဲ့တာပါ။ ရှေ့နေချုပ် Barakat ရဲ့ ကိုယ်ရံတော်တွေနဲ့ အရပ်သား အနည်းဆုံး ၇ ဦးလောက် ထိခိုက် ဒဏ်ရာရ သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့ကြောင်း လူသိမများတဲ့ Giza Popular Resistance လို့ အမည်ပေးထားတဲ့အဖွဲ့က ပေါက်ကွဲမှုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေနဲ့တကွ Facebook လူမှုကွန်ယက်မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG