သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြေက ထောက်ပို့ယာဉ် အာကာသစခန်းကိုရောက်ရှိ


နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်လွှတ်တင်မည့် Cygnus အာကာသယာဉ်။
နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်လွှတ်တင်မည့် Cygnus အာကာသယာဉ်။
စမ်းသပ်ပျံသန်းမှုအစီအစဉ်သစ်အဖြစ် စီးပွားရေးလုပ်ငန်းသုံး ကုန်တင်အာကာသယာဉ်တစင်းကို နိုင်ငံတကာ အာကာသစခန်းမှာ ရပ်နားလိုက်ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ အာကာသသိပ္ပံ NASA ရဲ့ Wallops ကျွန်း ပျံသန်းရေး စခန်းကနေ နိုင်ငံတကာ အာကာသစခန်းကို လွှတ်တင်လိုက်တဲ့ Cygnus အာကာသကုန်တင်ယာဉ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့က နိုင်ငံတကာ အာကာသစခန်းကို ဆိုက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ လမ်းညွန်မှုပိုင်းဆိုင်ရာ ပြဿနာပေါ်ပေါက်ခဲ့လို့ အာကာသစခန်းကို တနင်္ဂနွေနေ့ကမှ ရောက်ရှိလာတာဖြစ်ပါတယ်။

NASA ရဲ့ အဆိုအရ အာကာသထဲက ပေါက်ကွဲမှုဖြစ်စဉ် တချို့ကြောင့် ယာဉ်ရပ်နားရေးအစီအစဉ်ကို ပြီးခဲ့တဲ့ သောကြာနေ့က စခဲ့ပြီး အဲဒီယာဉ်ဟာ အမျိုးသား အာကာသယာဉ်မှူး ၅ ယောက်နဲ့ အမျိုးသမီးအာကာသယာဉ်မှူး ၁ ယောက်ကိုပါ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ အာကာသ ယာဉ်မှူးတွေက ရုရှား နိုင်ငံ၊ အမေရိကန်နဲ့ဥရောပ အာကာသအေဂျင်စီကို ကိုယ်စားပြုပါဝင်ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဒီအာကာသယာဉ်မှူးတွေက Virginia ပြည်နယ်မှာ ရှိတဲ့ Dulles ကမ္ဘာပတ်လမ်းဆိုင်ရာ သိပ္ပံကော်ပိုရေးရှင်းပိုင် Cygnus အာကာသ ယာဉ်ကို နိုင်ငံတကာအာကာသစခန်းရဲ့ Berthing area ခေါ်တဲ့နေရာမှာ တွဲချိတ်ပေးရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG