သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာတြန္းဟန္ေလး ကြယ္လြန္သြားၿပီ


ကာတြန္းဟန္ေလး ကြယ္လြန္သြားၿပီ (Credit : www.Amazon.com)

၁၉၈၈ ေနာက္ပုိင္း စစ္အာဏာရွင္ဆန္႔က်င္ေရး ႏုိင္ငံေရး ကာတြန္းေတြကုိ ေျပာင္ေျမာက္စြာေရးဆဲြခဲ့တဲ့ ကာတြန္းဆရာ ဟန္ေလး ဟာ ေဖေဖၚဝါရီလ ၉ ရက္ေန႔ ေန႔လည္က ကြယ္လြန္အနိစၥေရာက္သြားၿပီျဖစ္ပါတယ္။ 

ကာတြန္းဟန္ေလး ကြယ္လြန္သြားၿပီ

{{Zawgyi/Unicode}}

၁၉၈၈ ေနာက္ပုိင္း စစ္အာဏာရွင္ဆန္႔က်င္ေရး ႏုိင္ငံေရး ကာတြန္းေတြကုိ ေျပာင္ေျမာက္စြာေရးဆဲြခဲ့တဲ့ ကာတြန္းဆရာ ဟန္ေလး ဟာ ေဖေဖၚဝါရီလ ၉ ရက္ေန႔ ေန႔လည္က ကြယ္လြန္အနိစၥေရာက္သြားၿပီျဖစ္ပါတယ္။

ကာတြန္းဆရာဟန္ေလးရဲ့ အမည္ရင္းဟာ ဦးလွျမင့္သိန္း ျဖစ္ၿပီး၊ ရွမ္းျပည္နယ္ ေနာင္မြန္ၿမိဳ႕ ဇာတိျဖစ္ပါတယ္။ ကြယ္လြန္ခ်န္မွာ အသက္ ၅၈ ႏွစ္ရွိၿပီျဖစ္ပါတယ္။

ကာတြန္းဆရာဟန္ေလး ဟာ အထက ၁ ေတာင္ႀကီးမွာ အထက္တန္းပညာသင္ယူခဲ့ၿပီး ၁၉၈၁-၈၂ ခုႏွစ္မွာ ရန္ကုန္ၿမိဳ႕ ပန္းခ်ီပန္းပုအႏုပညာေက်ာင္းကုိ တက္ေရာက္ခဲ့ပါတယ္၊ ၁၉၈၅ ခုႏွစ္မွာ ေတာင္ႀကီးၿမိဳ႕ကို ေျပာင္းေရႊ႕ကာ ပန္းခ်ီပညာျဖင့္အသက္ေမြးခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္ စစ္အာဏာရွင္ဆန့္က်င္ေရး လႈပ္ရွားမႈမွာပါဝင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာခုိသြားခဲ့ၿပီး စည္းလုံးညီညြတ္ေသာ ရွမ္းတပ္မေတာ္ SUA သုိ႔ဝင္ေရာက္ခဲ့ပါတယ္။

ထုိမွတဆင့္ ထုိင္းႏုိင္ငံအေျခစုိက္ ရွမ္းသံေတာ္ဆင့္သတင္းစာမွာ စတင္လုပ္ပုိင္ခဲ့ၿပီး ႏုိင္ငံေရးကာတြန္းမ်ားကုိစတင္ေရးဆဲြခဲ့ပါတယ္။ အဲဒီေနာက္ ၂ဝဝ၃ ခုႏွစ္မွစတင္ကာ ဧရာဝတီမဂၢင္းမွာ စာသားမဲ့သရုပ္ေဖၚ ႏုိင္ငံေရး ကာတြန္းမ်ားကုိေရးဆဲြခဲ့ပါတယ္။ ကာတြန္းဆရာဟန္ေလးဟာ ပန္းခ်ီပညာတင္မက ပန္းပုပညာကုိလည္းတတ္ကၽြမ္းသူျဖစ္ပါတယ္။

VOA ျမန္မာပုိင္းအစီအစဥ္မွာ ရုပ္သံလႊင့္အစီအစဥ္ေတြ စတင္ခဲ့တဲ့ အေစာပုိင္း ၂ဝ၁၁ ခုႏွစ္ ၂ဝ၁၂ ခုႏွစ္ေတြမွာလည္း ကာတြန္းဆရာဟန္ေလးက ထုိင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕ကေန အပတ္စဥ္ ႏိုင္ငံေရး ေဝဖန္ခ်က္ကာတြန္းေတြ ေရးဆဲြေပးပုိ႔ခဲ့ပါတယ္။

၂ဝ၁၅ ခုႏွစ္ ျမန္မာႏုိင္ငံမွာႏုိင္ငံေရးအေျပာင္းအလဲ တခ်ိဳ႕ျဖစ္ခဲ့ၿပီးေနာက္ ကုိဟန္ေလး ဟာ သူႀကီးျပင္းခဲ့ရာ ေတာင္ႀကီးၿမိဳ႕မွာျပန္လည္ေနထုိင္ခဲ့ပါတယ္။ အဲဒီေနာက္ ေဖေဖၚ၀ါရီလ ၉ ရက္ေန႕လည္ ၃ နာရီေက်ာ္မွာ အသဲကင္ဆာေရာဂါနဲ႔ ဘဝတပါးသုိ့ ကူးေျပာင္းသြားခဲ့ပါတယ္။

ကာတြန္းဆရာဟန္ေလး ကြယ္လြန္မႈအတြက္ ဧရာဝတီမဂၢဇင္း အပါအဝင္ ျပည္တြင္းျပည္ပ သတင္းစာ နဲ႔ သတင္းဌာနမ်ားကေဖၚျပၾကသလုိ၊ ႏုိင္ငံေက်ာ္ကာတြန္းဆရာမ်ား၊ လုပ္ေဖၚကုိင္ဖက္ေဟာင္းမ်ား၊ ႏုိင္ငံေရးသမားမ်ားကလည္း ဝမ္းနည္းေၾကာင္း လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွာ ေဖၚျပထားၾကပါတယ္။

........................................

ကာတြန္းဟန္ေလး ကြယ္လြန္သြားၿပီ
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္


ကာတွန်းဟန်လေး ကွယ်လွန်သွားပြီ

{{Zawgyi/Unicode}}

၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေး ကာတွန်းတွေကို ပြောင်မြောက်စွာရေးဆွဲခဲ့တဲ့ ကာတွန်းဆရာ ဟန်လေး ဟာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နေ့လည်က ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ပါတယ်။

ကာတွန်းဆရာဟန်လေးရဲ့ အမည်ရင်းဟာ ဦးလှမြင့်သိန်း ဖြစ်ပြီး၊ ရှမ်းပြည်နယ် နောင်မွန်မြို့ ဇာတိဖြစ်ပါတယ်။ ကွယ်လွန်ချန်မှာ အသက် ၅၈ နှစ်ရှိပြီဖြစ်ပါတယ်။

ကာတွန်းဆရာဟန်လေး ဟာ အထက ၁ တောင်ကြီးမှာ အထက်တန်းပညာသင်ယူခဲ့ပြီး ၁၉၈၁-၈၂ ခုနှစ်မှာ ရန်ကုန်မြို့ ပန်းချီပန်းပုအနုပညာကျောင်းကို တက်ရောက်ခဲ့ပါတယ်၊ ၁၉၈၅ ခုနှစ်မှာ တောင်ကြီးမြို့ကို ပြောင်းရွှေ့ကာ ပန်းချီပညာဖြင့်အသက်မွေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။ အဲဒီနောက်တောခိုသွားခဲ့ပြီး စည်းလုံးညီညွတ်သော ရှမ်းတပ်မတော် SUA သို့ဝင်ရောက်ခဲ့ပါတယ်။

ထိုမှတဆင့် ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့်သတင်းစာမှာ စတင်လုပ်ပိုင်ခဲ့ပြီး နိုင်ငံရေးကာတွန်းများကိုစတင်ရေးဆွဲခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၃ ခုနှစ်မှစတင်ကာ ဧရာဝတီမဂ္ဂင်းမှာ စာသားမဲ့သရုပ်ဖေါ် နိုင်ငံရေး ကာတွန်းများကိုရေးဆွဲခဲ့ပါတယ်။ ကာတွန်းဆရာဟန်လေးဟာ ပန်းချီပညာတင်မက ပန်းပုပညာကိုလည်းတတ်ကျွမ်းသူဖြစ်ပါတယ်။

VOA မြန်မာပိုင်းအစီအစဉ်မှာ ရုပ်သံလွှင့်အစီအစဉ်တွေ စတင်ခဲ့တဲ့ အစောပိုင်း ၂ဝ၁၁ ခုနှစ် ၂ဝ၁၂ ခုနှစ်တွေမှာလည်း ကာတွန်းဆရာဟန်လေးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ အပတ်စဉ် နိုင်ငံရေး ဝေဖန်ချက်ကာတွန်းတွေ ရေးဆွဲပေးပို့ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံမှာနိုင်ငံရေးအပြောင်းအလဲ တချို့ဖြစ်ခဲ့ပြီးနောက် ကိုဟန်လေး ဟာ သူကြီးပြင်းခဲ့ရာ တောင်ကြီးမြို့မှာပြန်လည်နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ဖေဖေါ်ဝါရီလ ၉ ရက်နေ့လည် ၃ နာရီကျော်မှာ အသဲကင်ဆာရောဂါနဲ့ ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။

ကာတွန်းဆရာဟန်လေး ကွယ်လွန်မှုအတွက် ဧရာဝတီမဂ္ဂဇင်း အပါအဝင် ပြည်တွင်းပြည်ပ သတင်းစာ နဲ့ သတင်းဌာနများကဖေါ်ပြကြသလို၊ နိုင်ငံကျော်ကာတွန်းဆရာများ၊ လုပ်ဖေါ်ကိုင်ဖက်ဟောင်းများ၊ နိုင်ငံရေးသမားများကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက် စာမျက်နှာများမှာ ဖေါ်ပြထားကြပါတယ်။

XS
SM
MD
LG