ငလျင်ကြောင့် အဆောက်အဦးပြိုကျပုံ ဗွီဒီယိုမှတ်တမ်း
တူရကီနိုင်ငံအရှေ့တောင်ပိုင်းမှာ ၂၀၂၃၊ ဖေဖော်ဝါရီ ၆ ရက်က လှုပ်သွားတဲ့ မြေငလျင်က ၁၉၃၉ ခုနှစ်နောက်ပိုင်း တူရကီမှာ အသေအပျောက်အများဆုံး မြေငလျင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် ၆ ရက်မြောက်ည စာရင်းအရ တူရကီမှာ သေဆုံးသူ ၃ သောင်းနီးပါး၊ ဆီးရီးယားမှာ သေဆုံးသူ ၄,၅၀၀ ဖြစ်ပြီး တူရကီမှာ အဆောက်အဦးတွေ ပြိုကျ လူတွေသေဆုံးရမှုအတွက် အဆောက်အဦးဘေးကင်း လုံခြုံမှုမရှိတဲ့ ပြစ်မှုနဲ့ လူ ၁၀၀ ကျော်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။