သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဆေးရုံတွေ Ebola ရောဂါ ကုသမှု ပိုထိရောက်ရေး CDC ကူမည်


Ebola ရောဂါပိုး ကူးစက်ခံရသူရှိတဲ့ အမေရိကန်ပြည်ထောင်စုအတွင်းက ဘယ်ဆေးရုံကိုမဆို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးနိုင်မယ့်အဖွဲ့ နာရီပိုင်းအတွင်း ပို့လွှတ်ပေးမယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန CDC အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

Dr. Tom Frieden က Ebola ရောဂါပိုး ကူးစက်မှု နောက်ဆုံးအခြေအနေကို မနေ့က ပြောကြားခဲ့ရာမှာ Ebola နဲ့ ပတ်သက်ပြီး ကျန်းမာရေးလုပ်သားတွေရဲ့ စိုးရိမ်မှုတွေကို သူ့အနေနဲ့ ကွဲကွဲပြားပြား သိရှိနားလည်ကြောင်းနဲ့ ရောဂါဖြစ်သူတွေအပေါ် ဂရုစိုက် ကုသပေးဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

Ebola ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ လိုက်ဘေးရီးယားလူမျိုးတဦးကို ကုသပေးခဲ့တဲ့ Texas ပြည်နယ်က သူနာပြုတဦး ရောဂါပိုးကူးစက်အပြီး စိုးရိမ်မှုတွေ ကြီးထွားလားတာပါ။ CDC အနေနဲ့လည်း ရောဂါကူးစက်ခံရသူ သူနာပြုကို ထိထိရောက်ရောက် ကုသမှုပေးနေတယ်လို့လည်း မစ္စတာ Frieden က ပြောပါတယ်။

Ebola ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကမ္ဘာကြီးအနေနဲ့ အင်တိုက်အားတိုက် မလုပ်ခဲ့ကြဘူး ဆိုပြီးတော့လည်း အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံတကာ ကာကွယ်ရေး အရာရှိတွေကို တနင်္လာနေ့တုန်းက ဝါရှင်တန်မှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG