သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်


အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC။
အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC။

အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ဝန်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော်တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့ တယ်လို့ CDC အဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူ က ပြောပါတယ်။

ပြောင်းရွှေ့ပေးပို့လိုက်တဲ့ ဓါတ်ခွဲခန်းမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖို့ အတွက် ပစ္စည်းကရိယာ တန်ဆာပလာ တွေ တတ်ဆင်မထားဘူးလို့ပြောပါတယ်။
ဒီဓါတ်ခွဲခန်းဝန်ထမ်းကို အီဘိုလာရောဂါပိုး ကူးစက်နိုင်တဲ့ကာလဖြစ်တဲ့ ၂၁ ရက် စောင့်ကြည့်ကာလ သတ်မှတ် အကဲခတ်နေကြောင်း၊ ဒီဓါတ်ခွဲခန်းကို အဝင်အထွက် လုပ်ခဲ့ကြတဲ့ တခြားဝန်ထမ်းအချို့ အနေနဲ့ကော ဗုင်းရပ်ပိုးမွှားကို သယ်ဆောင် သွားတာမျိုးရှိမရှိ CDC က လေ့လာနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG