သုံးရလွယ်ကူစေသည့် Link များ

မြန်မာအမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလမှာဆွေးနွေး


၆၄ ကြိမ်မြောက် CEDAW ခေါ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အလုံးစုံ ပပျောက်ရေးဆိုင်ရာ ညီလာခံကို ဂျနီဗာမှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မှုတွေကို မြန်မာ NGO အမျိုးသမီးအဖွဲ့အစည်းတွေက တင်ပြခဲ့ကြသလို မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ကလည်း စတုတ္ထနဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံရဲ့ CEDAW အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။

ညီလာခံကို တက်ရောက်ခဲ့တဲ့ NGO အမျိုးသမီး အဖွဲ့အစည်းတွေအနက် Global Justice အဖွဲ့လည်း ပါဝင်ပါတယ်။ မြန်မာအမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု အခြေနေနဲ့ ပတ်သက်လို့ ညီလာခံမှာ ဆွေးနွေးခဲ့ကြတာကို အဲဒီအဖွဲ့ကို ကိုယ်စားပြု တက်ရောက်ခဲ့တဲ့ မဖြူဖြူစံကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG