သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမျိုးသမီးများ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု CEDAW ဆွေးနွေး


cedaw

အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် CEDAW ကော်မတီရဲ့ ၇၂ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်၊ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။

အထူးသဖြင့်တော့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်လူနည်းစု အမျိုးသမီးနဲ့ မိန်းကလေးတွေ အပေါ် ကျူးလွန်ထားတယ်ဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အဓိက မေးမြန်း ဆွေးနွေးကြပါတယ်။

အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံဘက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲကင်း စခန်းတွေ ကို ဝင်တိုက်ပြီးတဲ့နောက် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ဆင်ရေး အတွင်း မွတ်ဆလင် အမျိးသမီးနဲ့ မိန်းကလေးတွေကို မုဒိန်းကျင့်တယ်၊ သတ်ဖြတ်တယ်၊ ဖမ်းဆီးတယ်၊ နှိပ်စက်ညှဉ်းပန်းတယ် စတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အစည်းအဝေး အတွင်း CEDAW ကော်မတီဝင်တွေက မေးမြန်းကြပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ရဲမှူးကြီးကျော်ဇေယျကတော့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာမှာ မုဒိန်းကျင့် သတ်ဖြတ် တယ်ဆိုတဲ့ လုပ်ရပ်မျိုးကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘဲ သက်သေအထောက်အထား အခိုင်အမာတင်ပြရင် အရေးယူမယ်လို့ ပြောသွားပါတယ်။

ဒီ ၇၂ ကြိမ်မြောက် CEDAW ကော်မတီအစည်းအဝေးမှာ မြန်မာအစိုးရဘက်က အစီရင်ခံစာ တင်သွင်းသလို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ သူတို့ လေ့လာပြုစုထားတဲ့ အစီရင်ခံစာ တွေကို တင်သွင်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG