သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုအာဖရိက သမ္မတနိုင်ငံ အားကစားဝန်ကြီး ပြန်ပေးဆွဲခံရ


Balaka Christian ဆန့်ကျင်ရေးအကြမ်းဖက်သမားတစ်ဦး
Balaka Christian ဆန့်ကျင်ရေးအကြမ်းဖက်သမားတစ်ဦး

ဗဟိုအာဖရိကသမ္မတနိုင်ငံရဲ့ လူငယ်ရေးရာနဲ့ အားကစားဝန်ကြီးကို မြို့တော် Bangui မှာ သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။ Armel Ningatoloum Sayo ဟာ တနင်္ဂနွေနေ့က ဘုရားရှစ်ခိုးကျောင်းကနေ သူ့ရဲ့နေအိမ်ကိုအပြန်မှာ အငှားကားတစီးနဲ့ ရောက်လာတဲ့ သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

သတင်းတွေအရ သေနတ်သမားတွေဟာ Balaka Christian ဆန့်ကျင်ရေးစစ်သွေးကြွအုပ်စုဝင်တွေ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဖေါ်ပြကြပါတယ်။ သေနတ်သမားတွေဟာ ဝန်ကြီးကိုဖမ်းဆီးပြီး သူတို့အခိုင်အမာ ခြေကုတ်ယူထားတဲ့ Boy-Rabe အရပ်ကို ထွက်ပြေးသွားကြပါတယ်။

Sayo ဟာ သီတင်းတပတ်အတွင်း စတုတ္ထမြောက် ပြန်ပေးဆွဲခံရတဲ့ထင်ရှားသူတဦး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့တုံးကလည်း ကက်သလစ် ဆေးဝါးကုသရေး အဖွဲ့မှာ လုပ်ကိုင်နေတဲ့ ပြင်သစ်အမျိုးသမီးတဦးနဲ့ သူတို့ဒေသခံ နိုင်ငံသားတယောက် ပြန်ပေးဆွဲသွားတာ ခံခဲ့ရပါတယ်။ နောက်တနေ့မှာ ကုလသမဂ္ဂဝန်ထမ်းတဦးကို အလားတူ ပြန်ပေးဆွဲသွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

XS
SM
MD
LG