သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းမိုင္မွာ ကိုဗစ္ကူးသူမ်ားလာတာေၾကာင့္ ေဈးႀကီးေတြပိတ္


ခ်င္းမုိင္ျမိဳနယ္အတြင္းကိုဗစ္ကာကြယ္ေဆးထိုးႏွံေရးလုပ္ငန္းေတြလုပ္ေဆာင္ေနပံု ) photo- Official

{Zawgyi/Unicode}

ထိုင္းႏိုင္ငံေျမာက္ပိုင္းက ခ်င္းမိုင္ၿမိဳ႕နယ္ထဲမွာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြၾကား ကိုဗစ္ကပ္ေရာဂါကူးစက္မႈ အခုရက္ပိုင္းအတြင္းမွာ အမ်ားအျပား ရွိလာတာေၾကာင့္ ခ်င္းမိုင္ၿမိဳ႕က ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးေဈးႀကီးလို႔ လူသိမ်ားတဲ့ သလာမိုင္ေဈးနဲ႔တျခားေဈးေတြကိုခ်င္းမိုင္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအဖြဲ႕ကအေရးေပၚပိတ္လိုက္ပါတယ္။ ကမာၻလွည့္ခရီးသြားလုပ္ငန္း ထိခိုက္ေနတဲ့ ခ်င္းမိုင္မွာ ကိုဗစ္ကန႔္သတ္ခ်က္ေတြ ဖယ္ရွားဖို႔ ထိုင္းအစိုးရက ႀကိဳးစားေနခ်ိန္ ခုလို အေျခအေနျဖစ္လာတာပါ။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ကမာၻလွည့္ခရီးသြားေတြ အလာမ်ားတဲ့ ခ်င္းမိုင္ျပည္နယ္ထဲ ခရီးသြားလာခြင့္ ေအာက္တိုဘာလမွာ ခြင့္ျပဳဖို႔ ထိုင္းအစိုးရက မူလက ေမ ွ်ာ္မွန္းခဲ့ေပမဲ့ ကိုဗစ္ကပ္ေရာဂါကိုထိန္းခ်ဳပ္ဖို႔ အခက္အခဲရွိေနတာေၾကာင့္ ႏိုဝင္ဘာလကို ေနာက္ဆုတ္ၿပီး ျပန္ဖြင့္ဖို႔ စီစဥ္ေနပါတယ္။

အဲဒီလိုစီစဥ္ေနခ်ိန္မွာပဲ ခ်င္းမိုင္ၿမိဳ႕က ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးေဈးႀကီးလို႔ လူသိမ်ားတဲ့ သလာမိုင္ေဈးနဲ႔တျခားၿမိဳ႕နယ္ေတြက ေဈးေတြထဲမွာအစုလိုက္အၿပဳံလိုက္ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြျဖစ္ခဲ့တာပါ။ အခုရက္ပိုင္းအတြင္း စုစုေပါင္း အတည္ျပဳလူနာ ၅၈၀ ရွိတာေၾကာင့္ သလာမိုင္ေဈးႀကီးကို ပိတ္လိုက္တယ္လို႔ ခ်င္းမိုင္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ဒီေန႔ ေအာက္တိုဘာ ၁၄ ရက္မွာ ေၾကညာပါတယ္။

ကိုဗစ္အတည္ျပဳလူနာေတြထဲမွာ ျမန္မာႏြယ္ဖြား ရွမ္းတိုင္းရင္းသားေတြနဲ႔ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြလည္း ပါဝင္ပါတယ္။ သလာမိုင္ေဈးႀကီးထဲက အလုပ္သမားအမ်ားစုဟာ ျမန္မာျပည္ကလာတဲ့ ရွမ္းတိုင္းရင္းသား ေ႐ႊ႕ေျပာင္းအလုပ္သမားေတြျဖစ္ၾကၿပီး ေဈးပိတ္လိုက္တာေၾကာင့္ သူတို႔အတြက္ေတာ့ အလုပ္အကိုင္ အခက္အခဲ ျဖစ္သြားေစပါတယ္။ သလာမိုင္ေဈးႀကီးသာမက ခ်င္းမိုင္ၿမိဳ႕နယ္၊ ခ်မ္းဖူးရာ (ဆင္ဂိတ္) ဆန္စိုင္းေဈးနဲ႔ ဟန္ဒုံးေဈးေတြပါ အေရးေပၚပိတ္ထားလိုက္ၿပီလို႔ ခ်င္းမိုင္က သတင္းေတြမွာ ေဖာ္ျပပါတယ္။
ခ်င္းမိုင္ျပည္နယ္အုပ္ခ်ဳပ္ေရးမူး ပကြၽန္ ပရစကူ (Prachan Pratsakul) ကေတာ့ ႏိုဝင္ဘာလမွာ ခရီးသြားေတြအတြက္ ျပန္ဖြင့္ေပးႏိုင္မွာပါလို႔ ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"ကိုဗစ္ေရာဂါနဲ႔ပတ္သက္လို႔ ကုသကာကြယ္ေရးေတြ အေသအခ်ာလုပ္ေနပါတယ္ အနီေရာင္အဆင့္ အဝါေရာင္အဆင့္ေတြ သတ္မွတ္ၿပီးလုပ္ေနပါတယ္။ ခ်င္းမိုင္ၿမိဳ႕နယ္ထဲမွာကိုဗစ္ကူးစက္မႈ ျမင့္တက္လာေပမယ့္ က်ေနာ္တို႔က ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ပါတယ္ အခုဆိုရင္ ျပည္နယ္အတြင္းမွာ ၆၀% ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးၿပီမို႔ ႏိုဝင္ဘာလ (၁) ရက္ေန မွာ ခရီးသြားေတြ ျပန္လည္ဖြင့္လွစ္သြားမွာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

ခ်င္းမိုင္ၿမိဳ႕မွာ ေအာက္တိုဘာလထဲက ကိုဗစ္ကန႔္သတ္ခ်က္ ေတာ္ေတာ္မ်ားမ်ားဖယ္ရွားၿပီး ျပန္ဖြင့္ဖို႔ ထိုင္းအစိုးရက ရည္မွန္းခဲ့ေပမဲ့ ခုထိ မဖြင့္ႏိုင္ေသးတာေၾကာင့္ ထိုင္းႏိုင္ငံထဲမွာရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ခ်င္းမိုင္ကို နယ္ေက်ာ္ခရီးသြားလာခြင့္ မရၾကေသးပါဘူး။

ထိုင္းႏိုင္ငံထဲက အထင္ကရေနရာေတြကို ႏိုဝင္ဘာလမွာ ျပန္ဖြင့္မယ္လို႔ ရည္႐ြယ္ထားသလို နယ္စပ္ေတြကိုလည္း ၂၀၂၂ ႏွစ္သစ္ကူးခ်ိန္မွာ ျပန္ဖြင့္ဖို႔ ေမွ်ာ္မွန္းထားတာေတြရတယ္လို႔ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ဖြံၿဖိဳးတိုးတက္ေရးအဖြဲ႕က အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးက ေျပာပါတယ္။

"ထိုင္းႏိုင္ငံထဲမွာရွိတဲ့အထင္ကရေတြခရီးသြားလာတဲ့ေနရာမွာ အထင္ကရေတြျဖစ္တဲ့ ဖူးခက္ ခ်င္းမိုင္ ဘန္ေကာက္တို႔ကိုဖြင့္ဖို႔ ေအာက္တိုဘာလ ၁ ရက္ထဲက ရည္မွန္းထားတာ ကူးစက္မူေတြ ျပန႔္ပြားမူေတြေပၚမူတည္ၿပီးေတာ့ ႏွစ္သစ္ကူ းဇန္နဝါရီလ ၁ ရက္ေန႔ကေန ၁၆ ရက္ေန႔ထိ ေၾကျငာထားတယ္ အခုေတာ ေလာေလာဆည္လ်ာထားေပမယ့္အေျခအေနေကာင္းရင္ေတာ့ ဖြင့္မွာေပါ့။"

ထိုင္းႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁,၇၄၀,၀၀၀ ေက်ာ္ရွိၿပီး ေအာက္တိုဘာလ ၁၄ ရက္ေန႔ တေန႔တည္း အတည္ျပဳလူနာ ၁၀,၀၀၀ ေက်ာ္ရွိေနပါတယ္။ ေသဆုံးသူစုစုေပါင္းကလည္း၁၈,၀၀၀ နီးပါးရွိၿပီလို႔ ထိုင္းက်န္းမာေရးဌာနက တရားဝင္သတင္းထုတ္ျပန္ထားပါတယ္။

ကူးစက္မူ ေလ်ာ့က်လာေစဖို႔အတြက္ စက္တင္ဘာလကစၿပီး ကိုဗစ္ကာကြယ္ေဆးေတြကို တႏိုင္ငံလုံးအႏွံ႔၄ လအတြင္း အၿပီးထိုးႏွံဖို႔ စီစဥ္ထားေပမယ့္ ရည္မွန္းသေလာက္မၿပီးေသးပါဘူး။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားအမ်ားစုကလည္း ကိုဗစ္ကာကြယ္ေဆးထိုးခြင့္ရဖို႔ ေစာင့္ေနရဆဲျဖစ္ပါတယ္။ ခ်င္းမိုင္ျပည္နယ္ထဲမွာတင္ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ စာရင္းေပးထားသူ သိန္းနဲ႔ခ်ီရွိတာမို႔ ဘယ္ေလာက္ၾကာေအာင္ ေစာင့္ရဦးမလဲဆိုတာ မသိဘူးလို႔ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{Unicode}

ချင်းမိုင်မှာ ကိုဗစ်ကူးသူများလာတာကြောင့် ဈေးကြီးတွေပိတ်

ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကပ်ရောဂါကူးစက်မှု အခုရက်ပိုင်းအတွင်းမှာ အများအပြား ရှိလာတာကြောင့် ချင်းမိုင်မြို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဈေးကြီးလို့ လူသိများတဲ့ သလာမိုင်ဈေးနဲ့တခြားဈေးတွေကိုချင်းမိုင် ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ကအရေးပေါ်ပိတ်လိုက်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်နေတဲ့ ချင်းမိုင်မှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖယ်ရှားဖို့ ထိုင်းအစိုးရက ကြိုးစားနေချိန် ခုလို အခြေအနေဖြစ်လာတာပါ။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ချင်းမိုင်ပြည်နယ်ထဲ ခရီးသွားလာခွင့် အောက်တိုဘာလမှာ ခွင့်ပြုဖို့ ထိုင်းအစိုးရက မူလက မေ ျှာ်မှန်းခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကိုထိန်းချုပ်ဖို့ အခက်အခဲရှိနေတာကြောင့် နိုဝင်ဘာလကို နောက်ဆုတ်ပြီး ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်။

အဲဒီလိုစီစဉ်နေချိန်မှာပဲ ချင်းမိုင်မြို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဈေးကြီးလို့ လူသိများတဲ့ သလာမိုင်ဈေးနဲ့တခြားမြို့နယ်တွေက ဈေးတွေထဲမှာအစုလိုက်အပြုံလိုက် ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေဖြစ်ခဲ့တာပါ။ အခုရက်ပိုင်းအတွင်း စုစုပေါင်း အတည်ပြုလူနာ ၅၈၀ ရှိတာကြောင့် သလာမိုင်ဈေးကြီးကို ပိတ်လိုက်တယ်လို့ ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ကြေညာပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေထဲမှာ မြန်မာနွယ်ဖွား ရှမ်းတိုင်းရင်းသားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်ပါတယ်။ သလာမိုင်ဈေးကြီးထဲက အလုပ်သမားအများစုဟာ မြန်မာပြည်ကလာတဲ့ ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပြီး ဈေးပိတ်လိုက်တာကြောင့် သူတို့အတွက်တော့ အလုပ်အကိုင် အခက်အခဲ ဖြစ်သွားစေပါတယ်။ သလာမိုင်ဈေးကြီးသာမက ချင်းမိုင်မြို့နယ်၊ ချမ်းဖူးရာ (ဆင်ဂိတ်) ဆန်စိုင်းဈေးနဲ့ ဟန်ဒုံးဈေးတွေပါ အရေးပေါ်ပိတ်ထားလိုက်ပြီလို့ ချင်းမိုင်က သတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမူး ပကျွန် ပရစကူ (Prachan Pratsakul) ကတော့ နိုဝင်ဘာလမှာ ခရီးသွားတွေအတွက် ပြန်ဖွင့်ပေးနိုင်မှာပါလို့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ကုသကာကွယ်ရေးတွေ အသေအချာလုပ်နေပါတယ် အနီရောင်အဆင့် အဝါရောင်အဆင့်တွေ သတ်မှတ်ပြီးလုပ်နေပါတယ်။ ချင်းမိုင်မြို့နယ်ထဲမှာကိုဗစ်ကူးစက်မှု မြင့်တက်လာပေမယ့် ကျနော်တို့က ရောဂါကို ထိန်းချုပ်နိုင်ပါတယ် အခုဆိုရင် ပြည်နယ်အတွင်းမှာ ၆၀% ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီမို့ နိုဝင်ဘာလ (၁) ရက်နေ မှာ ခရီးသွားတွေ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ချင်းမိုင်မြို့မှာ အောက်တိုဘာလထဲက ကိုဗစ်ကန့်သတ်ချက် တော်တော်များများဖယ်ရှားပြီး ပြန်ဖွင့်ဖို့ ထိုင်းအစိုးရက ရည်မှန်းခဲ့ပေမဲ့ ခုထိ မဖွင့်နိုင်သေးတာကြောင့် ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ချင်းမိုင်ကို နယ်ကျော်ခရီးသွားလာခွင့် မရကြသေးပါဘူး။

ထိုင်းနိုင်ငံထဲက အထင်ကရနေရာတွေကို နိုဝင်ဘာလမှာ ပြန်ဖွင့်မယ်လို့ ရည်ရွယ်ထားသလို နယ်စပ်တွေကိုလည်း ၂၀၂၂ နှစ်သစ်ကူးချိန်မှာ ပြန်ဖွင့်ဖို့ မျှော်မှန်းထားတာတွေရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

"ထိုင်းနိုင်ငံထဲမှာရှိတဲ့အထင်ကရတွေခရီးသွားလာတဲ့နေရာမှာ အထင်ကရတွေဖြစ်တဲ့ ဖူးခက် ချင်းမိုင် ဘန်ကောက်တို့ကိုဖွင့်ဖို့ အောက်တိုဘာလ ၁ ရက်ထဲက ရည်မှန်းထားတာ ကူးစက်မူတွေ ပြန့်ပွားမူတွေပေါ်မူတည်ပြီးတော့ နှစ်သစ်ကူ းဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ကြေငြာထားတယ် အခုတော လောလောဆည်လျာထားပေမယ့်အခြေအနေကောင်းရင်တော့ ဖွင့်မှာပေါ့။"

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၇၄၀,၀၀၀ ကျော်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့ တနေ့တည်း အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ သေဆုံးသူစုစုပေါင်းကလည်း၁၈,၀၀၀ နီးပါးရှိပြီလို့ ထိုင်းကျန်းမာရေးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

ကူးစက်မူ လျော့ကျလာစေဖို့အတွက် စက်တင်ဘာလကစပြီး ကိုဗစ်ကာကွယ်ဆေးတွေကို တနိုင်ငံလုံးအနှံ့၄ လအတွင်း အပြီးထိုးနှံဖို့ စီစဉ်ထားပေမယ့် ရည်မှန်းသလောက်မပြီးသေးပါဘူး။

မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုကလည်း ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရဖို့ စောင့်နေရဆဲဖြစ်ပါတယ်။ ချင်းမိုင်ပြည်နယ်ထဲမှာတင် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားသူ သိန်းနဲ့ချီရှိတာမို့ ဘယ်လောက်ကြာအောင် စောင့်ရဦးမလဲဆိုတာ မသိဘူးလို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ပြောကြပါတယ်။

#ChaingMai #COVID #AyeAyeMar #voaburmese #ချင်းမိုင် #ကိုဗစ် #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG