သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံ လိဂ် Real Madrid ရှုံးပေမဲ့ ဆီမီးလ်တက်


Champions League Quarter Final Second Leg - Real Madrid vs Juventus
Champions League Quarter Final Second Leg - Real Madrid vs Juventus

ဗုဒ္ဓဟူးနေ့ကကစားတဲ့ Champions League ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယပွဲစဉ်တွေမှာ လက်ရှိ ချန်ပီယံ Real Madrid က အီတလီကလပ်အသင်း Juventus ကို အိမ်ကွင်းမှာ ၁ ဂိုး ၃ ဂိုးနဲ့ ရှုံးသွားပါတယ်။ ဒါပေမဲ့လည်း နှစ်ပွဲ ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ Real Madrid အသင်း ဆီမီးဖိုင်နယ်ကို တက်သွားပါပြီ။

ဂျာမန်အသင်း Bayern Munich နဲ့ စပိန်အသင်း Sevilla တို့ပွဲမှာတော့ ဂိုးမရှိသရေကျပါတယ်။ ဒါကြောင့် အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ Bayern အသင်း ဆီမီးဖိုင်နယ်ကို တက်သွားပါပြီ။

ဧပြီလ ၁၀ ရက် အင်္ဂါနေ့ကပွဲတွေမှာ Roma အသင်းက ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပြီး အဝေး ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရံှုံးထားတာကြောင့် တဘက် ၄ ဂိုးစီ တူနေပေမဲ့ အဝေးကွင်း အိမ်ကွင်း ဂိုးရရှိမှုသတ်မှတ်ချက်ကြောင့် Roma အသင်း ဆီမီးဖိုင်နယ် တက်သွားပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ Liverpool တို့ပွဲမှာတော့ Liverpool ကပဲ အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး အနိုင်ရပါ တယ်။ ဒါကြောင့် နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ Liverpool အသင်း ဆီမီးဖိုင်နယ် တက်သွားပါပြီ။

ဆီမီးဖိုင်နယ်တက်သွားကြတဲ့ Roma ၊ Liverpool ၊ Bayern နဲ့ Real Madrid တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဧပြီလ ၁၃ ရက် သောကြာနေ့ကျရင် မဲခွဲရွေးချယ်မှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲတွေကို ဧပြီလ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ကန်ကြ မှာဖြစ်ပြီး ဒုတိယအကျော့ပွဲတွေကိုတော့ မေလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကန်ကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG