သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံလိခ်မှာ Bercelona နဲ့ Bayern Munich တို့ကွားတားဖိုင်နယ်တက်


ဂိုသွင်းပြီးနောက် ပရိသတ်နဲ့အတူ အောင်ပွဲခံနေသည့် မက်ဆီ
ဂိုသွင်းပြီးနောက် ပရိသတ်နဲ့အတူ အောင်ပွဲခံနေသည့် မက်ဆီ

မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ Champions League ၁၆ သင်း ရှုံးထွက်ပွဲစဉ် စပိန် လာလီဂါ အသင်း ဘာစီလိုနားနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ချယ်လ်စီ အသင်းတို့ ဒုတိယအကျော့ပွဲမှာ ဘာစီလိုးနားက ၃ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အနိုင်ရသွားပါတယ်။

ပထမအကျော့ ချယ်လ်ဆီးကွင်းမှာတုန်းက ၁ ဂိုးစီနဲ့ သရေကျထားတာကြောင့် ဒီ ဒုတိယအကျော့ပွဲအပြီးမှာ ဘာစီလိုးနားက နှစ်ပွဲ ပေါင်း ၄ ဂိုး ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။

အစောပိုင်းကစားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘီဆစ်တပ်တို့ပွဲမှာ ဘိုင်ယန်က ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တာကြောင့် နှစ်ပွဲပေါင်း ၈ ဂိုး ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။

အခုဆိုရင် ၁၆ သင်း ရှုံးထွက်ပွဲတွေအားလုံး ပြီးသွားပြီဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၆ ရက်နေ့မှာ မဲနှိုက်ရွေးချယ် မှာဖြစ်ပြီးတော့ ဧပြီလ ၃ ရက်နေ့မှာ ပထမအကျော့ပွဲတွေ စတင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ချန်ပီယံလိခ်မှာ Bercelona နဲ့ Bayern Munich တို့ကွားတားဖိုင်နယ်တက်
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG